ဖြူစင်၊ ပညာရှိသော ကညာစစ်ဖြစ်လိုလှ
Verse 1
ပညာရှိကညာစစ် ဖြစ်လိုလှ
ကိုယ်တော်ဖို့ လုံးလုံးဖြစ်၊ ကြီးထွားရင့်ကျက်ရန်
ချိုမြိန်လှသတို့သားနှင့် တွေ့ရန်ချီတက်
ယေရှုနှင့်ရင်းနှီးစွာ ထိတွေ့ဝမ်းမြောက်မည်။
chorus
ခပ်သိမ်းထက် ကိုယ်တော်ကိုချစ်
သက်တာကို ချိန်တိုင်းစောင့်ကြပ်
ကျွန်ုပ်တို့ ယနေ့ဆီဝယ်
အို၊ အသင့်ဖြစ်ရန် ပြင်ဆင်စေပါ။
Verse 2
မီးခွက်၌သာမက ဆီဗူးလည်းဖြည့်ပါ
ကိုယ်တော်နှင့်ပြည့်ရန် အချိန်ကို ရွေးနုတ်မည်
ချစ်ဖွယ်သတို့သားနှင့် တွေ့ဆုံရန်ချီတက်
ထိုညလယ် ကိုယ်တော်ကြွလာခြင်းကို သိရှိ။
chorus
ခပ်သိမ်းထက် ကိုယ်တော်ကိုချစ်
သက်တာကို ချိန်တိုင်းစောင့်ကြပ်
ကျွန်ုပ်တို့ ယနေ့ဆီဝယ်
အို၊ အသင့်ဖြစ်ရန် ပြင်ဆင်စေပါ။
Verse 3
ဖိုးခပေး၊ အသင့်ဖြစ်စေတော်မူ
ကိုယ်တော်ကြွလာချိန်၊ ဆုံးရှုံးမှုမရှိလို
ကျွန်ုပ်မီးခွက်ဆီကုန်ပြီဟု မပြောလို
ကြွေးကြော်သံကြားသောခါ နောက်ကျသွားပေမည်။
chorus
ခပ်သိမ်းထက် ကိုယ်တော်ကိုချစ်
သက်တာကို ချိန်တိုင်းစောင့်ကြပ်
ကျွန်ုပ်တို့ ယနေ့ဆီဝယ်
အို၊ အသင့်ဖြစ်ရန် ပြင်ဆင်စေပါ။
Verse 4
ကညာများ ကိုယ်တော့်ကိုချစ် မွေ့လျော်ဝမ်းမြောက်
သစ်လွင်၊ လန်းဆန်းသော ကိုယ်တော့်ကို မြဲတုန့်ပြန်
ဝိညာဉ်ကိုဖြည့်၊ စိတ်၌ ပျော်ဝင်ပြည့်ဝပါ
မီးခွက်နှင့် ဆီဗူးများ ကိုယ်တော်ထံပေးအပ်။
chorus
ခပ်သိမ်းထက် ကိုယ်တော်ကိုချစ်
သက်တာကို ချိန်တိုင်းစောင့်ကြပ်
ကျွန်ုပ်တို့ ယနေ့ဆီဝယ်
အို၊ အသင့်ဖြစ်ရန် ပြင်ဆင်စေပါ။
Audio