လောကကိုရ၊ ကယ်တင်ရှင်ဆုံးရှုံးလျှင်
Verse 1
လောကကိုရ၊ ကယ်တင်ရှင်ဆုံးရှုံးလျှင်
သက်ရှင်ခြင်းတန်ဖိုးမဲ့အချည်းနှီး
မကြာမီကွယ်ပပျောက်မည့်အရာများပေါ်
စိတ်နှလုံးစွဲလန်းခြင်းရှိသလော
လောကကိုရ၊ ကယ်တင်ရှင်ဆုံးရှုံးလျှင်
ပိုင်ဆိုင်သမျှတန်ဖိုးရှိသလော
မြေကြီးဆိုင်ရာပျော်ရွင်ရာများအားလုံး
ကိုယ်တော်နှင့် မည်သို့မျှနှိုင်းမရ။
Verse 2
စည်းစိမ်ဥစ္စာများကြွယ်ဝချမ်းသာကာ၊
နာမည်ဂုဏ်သတင်းကျော်စောသော်လည်း
ကမ်းမမြင်ဘဲ မျှော်လင့်ခြင်းမဲ့နေလျှင်၊
မုန်တိုင်းလာရာ မည်သို့ပြုမည်နည်း
ကားတိုင်ပေါ် ကျွန်ုပ်တွက် အသေခံသော၊
ကယ်တင်ရှင်ဆုံးရှုံး၊ လောကရလျှင်
လောက၌ မှီခိုနိုင်ခြင်းရှိသလော၊
ဒုက္ခဆင်းရဲမှ လွတ်နိုင်သလော။
Verse 3
ကယ်တင်ရှင်မပါလျှင် ဗလာနတ္တိ၊
အပြစ်နှင့်ပူဆွေးခြင်းများသာရှိ
ကိုယ်တော်မပါလျှင် ထာဝရမှောင်မိုက်၊
မဆုံးနိုင်သော ဘေး၊ ည၊ မျက်ရည်ပြည့်
ကယ်တင်ရှင်မပါ၊ မည်သို့သက်ရှင်နိုင်၊
သေသောခါ မည်သို့ဖြစ်ပျက်မည်နည်း
ကိုယ်တော်မပါလျှင် မှောင်မိုက်ချိုင့်၌ရှိ၊
ထာဝရမှောင်အတိရှိမည်ပင်။
Verse 4
မည်မျှဝမ်းမြောက်ရာ ယေရှု၌ရှိခြင်း၊
ကျိုးပဲ့စိတ်နှလုံးငြိမ်းစေလိမ်းဆေး
ခွင့်လွတ်တော်မူခြင်းကြောင့် အပြစ်နှင့်ကင်း၊
ဝမ်းနည်းပူဆွေးခြင်းမရှိတော့ပြီ
ကျွန်ုပ်တွက် ယေရှု၊ ယေရှုတစ်ပါးသာ၊
ခြားအရာ၊ လောကအရာမရှိ
ယေရှုသာ ကျွန်ုပ်အတွက်ရာခပ်သိမ်း၊
ကျွန်ုပ်ကို မစပေးနေအစဉ်။
Audio