Back to YP Songs

YP78NS53

ကိုယ်တော်သည် ငါ၏ဘုရား

21

Verse 1

နံနက်ယံမှ ညအချိန်တိုင်အောင် သစ္စာတော်မြင်ရပြီ

ပြစ်သားပေါ်ကရုဏာတော် ကျွန်ုပ်ပေါ် သက်ရောက်

ခုကျွန်ုပ်သိမြင်ပြီ

တောက်ပဆုံးနေမင်းထက် ထွန်းလင်း စိုးရိမ်၊ သံသယကင်း

ချိုမြိန်ဆုံးထက် ချိုမြိန်ဆုံးသော ကရုဏာတော်စကား

ခုကျွန်ုပ်သိမြင်ပြီ။

chorus

ကျွန်ုပ်အတွက် ယနေ့သည် ဘုရား၊ မနက်ဖြန်လည်း ဘုရားဖြစ်

ကားတိုင်နှင့် ပူဆွေးခြင်းဆောင်ယူ၊ လှည်းကျင်းဖယ်ရှားပေးအဝေး

မတတ်နိုင်သောအမှုမရှိ၊ မုန်တိုင်းများကို ရပ်စေနိုင်

ကိုယ်တော်သည် ငါ့ဘုရား။

Verse 2

ကျေးဇူးတော်နေ့စဉ်ချိုမြိန်လာ မေတ္တာတော်သွေးဆောင်ရာ

စွန့်ပစ်မသွား၊ ကုန်ခန်းမသွား၊ ဝိညာဉ်တော်သည် အစဉ်

ကြွယ်ဝစွာသွန်းလောင်းပေး

မြင့်ဆုံးကောင်းကင်ထက် မြင့်ရာသို့၊ ချီမြှောက်ကာပြမူပြီ

ယေရုရှလင်မြို့သစ်ဆင်းသက် ကိုယ်တော့်သတို့သမီး

အဆုံးမဲ့ထာဝရ။

chorus

ကျွန်ုပ်အတွက် ယနေ့သည် ဘုရား၊ မနက်ဖြန်လည်း ဘုရားဖြစ်

ကားတိုင်နှင့် ပူဆွေးခြင်းဆောင်ယူ၊ လှည်းကျင်းဖယ်ရှားပေးအဝေး

မတတ်နိုင်သောအမှုမရှိ၊ မုန်တိုင်းများကို ရပ်စေနိုင်

ကိုယ်တော်သည် ငါ့ဘုရား။

Audio