Back to YP Songs

YP77NS97

ချစ်သခင်၊ ခေါ်တော်မူ၏

21

Verse 1

ချစ်သခင်၊ ခေါ်တော်မူ၏၊

စိတ်နှလုံး တံခါးဖွင့်

ခေါ်သံကြား၊ မည်မျှဝမ်းမြောက်၊

သင်္ဘောထဲဝင်ရောက်ပြီ။

နေ့စဉ်တိုင်း ကယ်တင်ပေးနေ၊

သခင်၏လမ်းစဉ်မှန်

ကိုယ်တော်၌ ကျွန်ုပ်တို့တည်၊

ယနေ့ဆိုးညစ်ခေတ်မှ လွတ်မြောက်။

chorus

ကျေးဇူးတော်မြင်ရ၊ ကျေးဇူးတင်သည်

စိတ်နှလုံးတံခါးဖွင့် လှည့်ပြန်ပြီ

မိတ်ဆွေများ မည်သို့ပြောဆိုလုပ်ဆောင်ပါလေစေ

သခင်ယေရှုကို ချစ်သည်။

Verse 2

ဤခေတ်ကို ရှာဖွေမြည်းစမ်း

ဤခေတ်၌ရှိခဲ့ရာ

ကိုယ်တော့်ကို ဝမ်းနည်းစေခဲ့

ချစ်သခင်ကို သိလာ။

နောင်တရစိတ်နှလုံးဖြင့်

ကိုယ်တော်ထံပြန်လာပြီ

ကိုယ်တော်ထံ သက်တာပေးအပ်

သင်္ဘော၌ ကိုယ်တော်နှင့်တူရှိ။

chorus

ကျေးဇူးတော်မြင်ရ၊ ကျေးဇူးတင်သည်

စိတ်နှလုံးတံခါးဖွင့် လှည့်ပြန်ပြီ

မိတ်ဆွေများ မည်သို့ပြောဆိုလုပ်ဆောင်ပါလေစေ

သခင်ယေရှုကို ချစ်သည်။

Verse 3

ကိုယ်တော်၌ လုံခြုံ၊ ချီးမွမ်း

ပြင်ပ၌ သေခြင်းရေ

ယခင်က ချစ်ခဲ့ရာများ

ပင်လယ်ရေ ကြမ်းပြင်ရောက်။

ကိုယ်တော်ထံ စဉ်တံခါးဖွင့်

ပစ်မှတ် မလွဲစေနဲ့

ဟာလေလုယာ၊ ချီးမွမ်းသည်

အသင်းတော်သင်္ဘော၌ ရှိပြီ။

chorus

ကျေးဇူးတော်မြင်ရ၊ ကျေးဇူးတင်သည်

စိတ်နှလုံးတံခါးဖွင့် လှည့်ပြန်ပြီ

မိတ်ဆွေများ မည်သို့ပြောဆိုလုပ်ဆောင်ပါလေစေ

သခင်ယေရှုကို ချစ်သည်။

Audio