ကျွန်ုပ်ဝေစု၊ ကျွန်ုပ်ချစ်ရာ၊ ကျွန်ုပ်၏ဘုရား
21
Verse 1
ကောင်းကင်နှင့်မြေကြီးအရာများ
ကျွန်ုပ်မပိုင်ဆိုင်ပါ
ကျွန်ုပ်ဝေစု၊ ကျွန်ုပ်ချစ်ရာ၊
ကျွန်ုပ်၏ဘုရားသာ။
ကောင်းကင်၊ မြေကြီးရှိအရာများ
အနတ္တ၊ အနတ္တ
ကျွန်ုပ်ဝမ်းမြောက်ရာခြားမရှိ၊
ကျွန်ုပ်၏ဘုရားသာ။
Verse 2
ချမ်းသာခြင်းနှင့်မိတ်ဆွေရှိခြင်း
ကျန်းမာခြင်း၊ လုံခြုံခြင်း
ဤရာများတွက် ကျေးဇူးတင်သည်
သို့သော်ဘုရားမဟုတ်။
ချမ်းသာခြင်းသည် ချည်းနှီးအရုပ်
ကျန်းမာခြင်း၊ လုံခြုံခြင်း
မိတ်ဆွေကောင်းများအမှန်ရှိလည်း
ကိုယ်တော်နှင့်နှိုင်းမရ။
Verse 3
မြေတစ်ပြင်လုံးနှင့်ကြယ်စင်များ
ကျွန်ုပ်ပိုင်ဆိုင်နိုင်လည်း
ကျေးဇူးတော်ကိုယ်တော်မရှိလျှင်
ကျွန်ုပ်အသုံးမရ။
ခြားသူများပင်လယ်မျှလက်ကျယ်
ကမ်းခြေအရာဆုပ်ကိုင်
ကျွန်ုပ်အဖို့ ကျေးဇူးတော်သာ
ခြားရာအလိုမရှိ။
Audio