Back to YP Songs

YP68HYM432

ကျွန်ုပ်ကို ကိုင်မြဲမေတ္တာတော်

21

Verse 1

ကျွန်ုပ်ကို ကိုင်မြဲမေတ္တာတော်

ပင်ပန်းလျက် ကိုယ်တော်၌ နားခို

ဆက်သရမည့် အသက်ဝိညာဉ်

ကိုယ်တော်အား ဆက်သ၏

သို့မှ ကြွယ်ဝအသက်ရ၏။

သို့မှ ကြွယ်ဝအသက်ရ၏။

Verse 2

အမြဲလမ်းပြသော အလင်းတော်

လောကအလင်းကို စွန့်ထား၍

ရောင်ခြည်တော်၌ စောင့်ရှောက်ပါမည်

သို့မှ ကျွန်ုပ်နှလုံးထဲ၌

မှန်သောအလင်းရမည်။

မှန်သောအလင်းရမည်။

Verse 3

နာကျင်ခြင်းကို ခံရသူတို့ကို

ရွှင်လန်းစေရန် ရှာသောအရှင်

ဒုက္ခခံစဉ် ပါရှိတော်မူ

သက်သာစေမည့် ကတိတော်ကို

ကျွန်ုပ်ယုံကြည်ပါ၏။

ကျွန်ုပ်ယုံကြည်ပါ၏။

Verse 4

မျှော်လင့်ခြင်းတည်ရာ ကားတိုင်တော်

ကိုယ်တော့်ထံမှ မလွဲသွားနိုင်

ဤလောကဘုန်း စွန့်ပစ်ခြင်းဖြင့်

အစဉ်တည်မည့် အသက်ကျေးဇူး

ကျွန်ုပ်ရရှိလိမ့်မည်။

ကျွန်ုပ်ရရှိလိမ့်မည်။

Audio