ချစ်သခင်၏တို့ထိခြင်း
Verse 1
ချစ်သခင်၏တို့ထိခြင်း မျက်စိတော်ထဲ စေ့စေ့ကြည့်
ကိုယ်တော်၏နမ်းခြင်း ကျွန်ုပ်လိုရာ ကိုယ်တော်။
Verse 2
အသံတော်ကြားပါရစေ ကျွန်ုပ်ရွေးချယ်ရာ ကိုယ်တော်
မေတ္တာ၌ပြောပါ ကိုယ်တော်ပေါ် ပုံအပ်ထား။
chorus
မည်ရာ၊ မည်သူမျှ ကျေနပ်ခြင်းမပေးနိုင်၊
ကိုယ်တော်သာပေးနိုင်
ယေရှုကို ချစ်သည်၊ စိတ်နှလုံးဆန္ဒသည်၊
သခင်ကို ချစ်လှသည်။
Verse 3
ကိုယ်တော်ကို ထိတွေ့လိုလှ
ကိုယ်တော်ကို တောင့်တလျက်နေ
ကောင်းမြတ်ဆုံးကိုယ်တော်
ကိုယ်တော်တွက်ပေးအပ်ပြီ။
Verse 4
အို ကိုယ်တော်၏နမ်းခြင်းများ
ချီးမွမ်းခြင်းကို ဖြစ်စေပြီ
ကျေးဇူးတော်ကိုယ်တော်
ချိုမြိန်လှ၊ ချစ်သခင်။
chorus
မည်ရာ၊ မည်သူမျှ ကျေနပ်ခြင်းမပေးနိုင်၊
ကိုယ်တော်သာပေးနိုင်
ရှေးဦးမေတ္တာယေရှု၊ ကိုယ်တော်အဖို့သာ၊
လောင်ကျွမ်းခြင်းရှိစေပါ။
Verse 5
မျက်စိတော်ဖြင့် ဖြည့်မူပါ
ပေါင်းစည်းခြင်းသာကျေနပ်ရာ
ကိုယ်တော်ကို ငေးကြည့်
ချစ်သခင်နှင့်ပြည့်ဝ။
Verse 6
ကိုယ်တော်သာ လုပ်ဆောင်မူပါ
ကိုယ်တော်ဖြင့်သာ လုပ်ဆောင်မည်
ထံတော် နီးစေပါ
တစ်လုံးတစ်ဝပေါင်းစည်း။
chorus
မည်ရာ၊ မည်သူမျှ ကျေနပ်ခြင်းမပေးနိုင်၊
ကိုယ်တော်သာပေးနိုင်
ယေရှုကို ချစ်သည်၊ စိတ်နှလုံးဆန္ဒသည်၊
အစဉ်လောင်ကျွမ်းလျက်ရှိ။
Verse 7
နောင်တရ၍ ပြန်လာပြီ
ကိုယ်တော်တွက် လောင်ကျွမ်းစေပါ
စိတ်ထက်သန်တောက်လောင်
ကျွန်ုပ်၌ စစ်မှန်ပါ။
Verse 8
နောင်တရ၍ ပြန်လာပြီ
ကိုယ်တော်တွက် လောင်ကျွမ်းစေပါ
စိတ်ထက်သန်တောက်လောင်
ကျွန်ုပ်၌ စစ်မှန်ပါ။
chorus
ချစ်ဆုံးယေရှုရှင် ကောင်းမြတ်ဆုံးယေရှုရှင်
ကိုယ်တော်ထံလာပြီ
ချစ်ဆုံးယေရှုရှင် ကောင်းမြတ်ဆုံးယေရှုရှင်
ကိုယ်တော်ကို ချစ်လှသည်။
Audio