Back to YP Songs

YP53LB5

ကျမ်းစာသည် ချစ်ဇာတ်လမ်းဖြစ်

21

Verse 1

ကျမ်းစာသည် ချစ်ဇာတ်လမ်းဖြစ် သန့်ရှင်းဆုံးအာရုံ၌

ဘုရားနှင့်ရွေးနှုတ်ခံများ မေတ္တာမျှလျက်ရှိနေ

ဤစကြာဝဠာစုံတွဲ ထင်ရှားစွာပေါ်လွင်နေ

ခရစ်တော်သည် သတို့သား၊ သတို့သမီးသူတို့။

Verse 2

ပုံဆောင်ချက် ပုံရိပ်အားဖြင့်၊ ဘုရားအလိုသိရှိ

အာဒံအားဖြင့် ပုံဆောင်ကာ၊ ခရစ်တော်ကိုဖော်ပြ

အာဒံ၏နံရိုးအားဖြင့်၊ အသက်မူရင်းကိုပြ

ဧဝကိုတည်ဆောက်ခြင်းဖြင့်၊

ကိုယ်တော့်ခင်ပွန်းသင်းတော်။

Verse 3

သူတို့လင်ယောက်ျား ကိုယ်တော်

ကိုယ်တော့်ခင်ပွန်း သူတို့

ဤရာဘုရားနှစ်သက်ရာ၊ လက်ထပ်ကာနေဖို့ပါ

သူတို့ပူဇော်ကာဝတ်ပြု၊ တစ်ပါးတည်းမနေလို

သူတို့နှင့် လက်ထပ်နေလို၊ ဤရာကိုယ်တော်ကြံစည်။

Verse 4

အကောင်းဆုံးသောချစ်ဇာတ်လမ်း

ရှောလမုန်သီချင်းဖြစ်

ချစ်သူ၏နမ်းခြင်းများစွာ

သူမ မျှော်လင့်တောင့်တ

မေတ္တာ၌ သူမလုပ်ဆောင်၊ ခရစ်တော်အဖို့သာ

သူမသည် မြို့တော်ဖြစ်လာ၊ သူမတွက် ကိုယ်တော်သာ။

Verse 5

ခရစ်တော်သည် သတို့သား၊ သတို့သမီးသင်းတော်

ရွေးနှုတ်ကာ အသစ်မွေးဖွား

နံဘေးတော်မှ ထွက်ပေါ်

အသက်နှင့် မူလဇာတိ ပြည့်ဝစွာပေါင်းစပ်ကာ

ကိုယ်တော့်သဏ္ဌာန်နှင့်တူညီ၊ ယေရုရှလင်မြို့သစ်။

Audio