Back to YP Songs

YP54NS6

ဘုရားဆိုင်ရာ ချစ်ခြင်းမေတ္တာဇာတ်လမ်း

21

Verse 1

ကြီးမားသောနက်နဲခြင်း၊ အံ့သြဖွယ်ရာဝတ္ထု

ခေတ်များတစ်လျှောက်ဝှက်ထား၊ ပညာတော်၌ပြသ

ဘုရားနှင့်လူသားသည်၊ အချိန်၌ ချစ်ဇတ်လမ်း

နားလည်မှုထက်ကျော်လွန်၊ စကားတော်၌ မြင်ရ။

chorus

ဘုရားသည် လူကိုချစ်၊ ဘုရား၏မေတ္တာတော်

အသက်နှင့် သဘောတော်၌၊ ဘုရားနှင့်တူညီစေ

ကိုယ်တော့်သတို့သမီး၊ ကျွန်ုပ်တို့အားလုံးသည်

အစဉ်ကြီးမားထင်ရှား၊ အသက်ရှင်သောစုံတွဲ မခွဲအတူတည်၊ ထာဝရပင်။

Verse 2

မျက်စိကန်းသောလူဖြင့်

ငြင်းပယ်ခြင်းခံရလည်း

မေတ္တာတော်သွေးဆောင်နေ

စိတ်တော်သည် မပြောင်းလဲ

လူ့ဇာတိခံခြင်း၌

ကယ်တင်ခြင်းဖြစ်ကြွလာ

နာမတော်ယေရှုမည်

ကျွန်ုပ်တို့ကို ရှာဖွေ။

chorus

ဘုရားသည် လူကိုချစ်၊ ဘုရား၏မေတ္တာတော်

အသက်နှင့် သဘောတော်၌၊ ဘုရားနှင့်တူညီစေ

ကိုယ်တော့်သတို့သမီး၊ ကျွန်ုပ်တို့အားလုံးသည်

အစဉ်ကြီးမားထင်ရှား၊ အသက်ရှင်သောစုံတွဲ မခွဲအတူတည်၊ ထာဝရပင်။

Verse 3

ကျွန်ုပ်သည် ပြစ်သားဖြစ်

ယခုရွေးနုတ်ခံရ

သေခံသောခရစ်တော်

ဘုန်းတော်၌ တက်ကြွပြီ

ကိုယ်တော်၌ ပေါင်းစည်းရ

ကိုယ်တော်နှင့်အတူရှင်

ကိုယ်တော်ကို ဝမ်းမြောက်ရ

ခွင့်လွတ်ခြင်းခံရပြီ။

chorus

ဘုရားသည် လူကိုချစ်၊ ဘုရား၏မေတ္တာတော်

အသက်နှင့် သဘောတော်၌၊ ဘုရားနှင့်တူညီစေ

ကိုယ်တော့်သတို့သမီး၊ ကျွန်ုပ်တို့အားလုံးသည်

အစဉ်ကြီးမားထင်ရှား၊ အသက်ရှင်သောစုံတွဲ မခွဲအတူတည်၊ ထာဝရပင်။

Verse 4

မေတ္တာတော်လွန်ကြင်နာ

ကိုယ်တော်ထံ အပ်နှံပြီ

နာမတော်ဖိုးထိုက်လှ

ဝမ်းမြောက်စွာခေါ် "ယေရှု"

ပုဂ္ဂိုလ်တော်နှစ်လိုဖွယ်

စိတ်နှလုံးရွှင်လန်းရ

လွန်ခဲ့ရာမေ့ချန်ထား

ကိုယ်တော်ကို အစဉ်ချစ်။

chorus

ဘုရားသည် လူကိုချစ်၊ ဘုရား၏မေတ္တာတော်

အသက်နှင့် သဘောတော်၌၊ ဘုရားနှင့်တူညီစေ

ကိုယ်တော့်သတို့သမီး၊ ကျွန်ုပ်တို့အားလုံးသည်

အစဉ်ကြီးမားထင်ရှား၊ အသက်ရှင်သောစုံတွဲ မခွဲအတူတည်၊ ထာဝရပင်။

Audio