Back to YP Songs

YP52ENG

တမန်တော်တို့၏သွန်သင်ခြင်း

21

Verse 1

တမန်တော်တို့၏ သွန်သင်ခြင်းဆိုသည်မှာ

ဓမ္မသစ်ကာလ၌ ဘုရားသခင်ပြောခဲ့သော

စကားအလုံးစုံဖြစ်၍ ကိုယ်တော်၏

ဓမ္မသစ်စီမံကိန်းနှင့် သက်ဆိုင်သည်။

chorus

ဓမ္မသစ်အမှုတော်ဆိုသည်မှာ၊ ပြီးပြည့်စုံယေရုရှလင်

ခရစ်ခန္ဓာတည်ဆောက်ရန်အတွက်ပင်။

Verse 2

ဘုရားရှင်၏ ဓမ္မသစ်စီမံကိန်းသည်

သွန်သင်ခြင်းတည်းဟူသောတမန်တော်တို့၏

သွန်သင်ခြင်းအတိုင်း လုပ်ဆောင်၍

တုနှိုင်းစရာမရှိသည့်အမှုတော်ပင်။

chorus

ဓမ္မသစ်အမှုတော်ဆိုသည်မှာ၊ ပြီးပြည့်စုံယေရုရှလင်

ခရစ်ခန္ဓာတည်ဆောက်ရန်အတွက်ပင်။

Verse 3

ဘုရားသခင်၏စီမံကိန်းဆိုသည်မှာ

ခရစ်တော်၏ရှင်သန်သော ကိုယ်ခန္ဓာတော်ကို

တည်ဆောက်ရန် ဘုရားရွေးကောက်သောသူတို့၌

ကိုယ်တော်တိုင် ဝင်ရောက်ကျိန်းဝပ်ရန် စီစဉ်။

chorus

ထာဝရစီမံကိန်းဆိုသည်မှာ

ပြီးပြည့်စုံယေရုရှလင်

အဆင့်ဆင့်တိုးတက်ရန်အတွက်ပင်။

Verse 4

အသစ်မွေးဖွားခြင်း ပုံသဏ္ဌန်ပြောင်းလဲခြင်း

ဘုန်းဝင်စားခြင်းခံရသည့် (ဘုရားလူ) လူသားတို့ပေါင်းစည်းခြင်း

ညီညွတ်စွာနေထိုင် လုပ်ကိုင်ဆောင်ရွက်၍

အစဉ်နေထိုင်ဆက်ဆံကြရန်ပင်။

chorus

ထာဝရစီမံကိန်းဆိုသည်မှာ

ပြီးပြည့်စုံယေရုရှလင်

အဆင့်ဆင့်တိုးတက်ရန်အတွက်ပင်။