ချစ်ပါရစေ၊ တုံ့ပြန်ခြင်းမဲ့လည်း
Verse 1
ချစ်ပါရစေ၊ တုံ့ပြန်ခြင်းမဲ့လည်း အစေခံပါရစေ၊ ဆုမဲ့လည်း
အမှုဆောင်ပါရစေ၊ မှတ်မထားလည်း ဒုက္ခခံပါရစေ၊ မှုမထားလည်း။
Verse 2
သောက်သုံးခြင်းမဟုတ်၊ သွန်းလောင်းခြင်း၊ ထိန်းသိမ်းခြင်းမဟုတ်၊ ချိုးဖဲ့ခြင်း
ခြားသူကောင်းကြီးခံရန်၊ နာကျင်ခြင်းခံ
ချစ်ခြင်းသာလျှင် နှစ်သိမ့်ခြင်းပေးနိုင်ရာ။
Verse 3
သနား၊ စဉ်းစားပေးခြင်းမခံလို အားပေး၊ ချီးမွမ်းရန် မမျှော်လင့်ပါ
တစ်ဦးတည်းဖြစ် မေ့ထားခြင်းခံလည်း ခေါ်သူမရှိ၊ စွန့်ပစ်ခြင်းခံလည်း။
Verse 4
သစ္စာရှိသက်တာ ဖြောင့်မတ်ခြင်းသရဖူတွက်
သွေးနှင့်မျက်ရည်များ ဆုံးရှုံးခံကာ ဖိုးခပေး။
Verse 5
ကိုယ်တော်ရွေးချယ်ခဲ့သောသက်ရှင်သက်တာ
မြေကြီးပေါ်ကိုယ်တော်လျှောက်လှမ်းစဉ်
ဝမ်းမြောက်စွာ ဆင်းရဲ၊ နာကျင်၊ ဆုံးရှုံးခံ
အပ်ထားရာအမှုတော်ကို ပြီးမြောက်စေ။
Verse 6
ကျွန်ုပ်မည်မျှခရီးဆက်ရမည် မမြင်
ပြန်လမ်းမဲ့ကြောင်း သိမှတ်သော်လည်း ရှေ့ဆက်မည်
အလေးထားခြင်းမခံရလည်း၊ ညည်းညူမပြု
နောက်တော်လိုက် စုံလင်ခြင်းရှိမည်မှန်။
Verse 7
ဒုက္ခခံရာဤချိန်ခါ ဆုတောင်းရာ
ထိန်းထားမျက်ရည် ကိုယ်တော်သုတ်ပေးတော်မူ
ကိုယ်တော်သာကျွန်ုပ်ဆုလဒ်-သင်ယူမည်
သက်တာလုံး ခြားသူတွက်ကောင်းချီးဖြစ်စေ။
Audio