Back to YP Songs

YP21NS521

ကျွန်ုပ်တွက် ကားတိုင်ပေါ်သက်တော်ပေး

21

Verse 1

ကျွန်ုပ်တွက် ကားတိုင်ပေါ်သက်တော်ပေး

ကျွန်ုပ်ပြန်လည်ရှင်ရန်

ထမြောက်ခြင်း၌ ကျွန်ုပ်ကိုချီးမြှောက်

အတွင်းအသစ်မွေးပေး

သွေးတော်ဖြင့် အပြစ်များနောင်တရ

ကိုယ်တော်ထံ ဆက်ကပ်ပြီ

ဖြည့်မူပါ ယေရှု

ကျွန်ုပ်ထဲဝင်ရောက်ပါ။

Verse 2

စိတ်နှလုံးပေါ် တရားတော်ရေးပါ

သို့မှ ကျွန်ုပ်ကြီးထွား

အသိဉာဏ်ကို အသစ်ပြုပြင်ပါ

ကျွန်ုပ်ဖြင့် အလင်းထွန်း

ကျွန်ုပ်သွားလေရာနေရာတိုင်း၌

ခေါ် "အို သခင်ယေရှု"

ယေရှု ချိုမြိန်လှ

လွတ်မြောက်ခြင်းခံစားရ။

Verse 3

သခင်ယေရှုကို အမှန်ချစ်သည်

ယေရှုသာ လိုအပ်ရာ

စိတ်နှလုံး၌ အိမ်တော်ဆောက်မူပါ

ကိုယ်တော်ကိုသာ ယုံကြည်

ကိုယ်တော်ကိုချစ်၍ အသက်ရှင်ပြီ

ဖြူစင်သောစိတ်နှလုံး

ချစ်သောယေရှုထံ

ကျွန်ုပ်သက်တာပေးအပ်

Audio