ကျေးတောသူသည် မည်ကဲ့သို့ဖြင့်
Verse 1
ကျေးတောသူသည် မည်ကဲ့သို့ဖြင့် ကိုယ်တော်သတို့သမီးဖြစ်နိုင်
ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်ရှင် ကျွန်ုပ်သည် ကျဆင်းလူသား
ကိုယ်တော်နှင့်မေတ္တာဇာတ်လမ်း၌ ကိုယ်တော်အားဖြင့် ပါဝင်ခွင့်ရ
ရှေးမဆွကရွေးချယ်ခံရ ကြံစည်တော်ပြောင်းလဲကင်း။
chorus
ဤမေတ္တာဇာတ်လမ်း နက်နဲအလိုတော်
နိမ့်ကျလူသားဖြစ်လာရာ ကျေးတောသူရယူရန်
မည်ရာတားဆီးနိုင် မည်ရာပြောင်းလဲနိုင်
ကိုယ်တော်ထာဝရမေတ္တာ ကျေးတောသူကိုရယူ။
Verse 2
လူနှင့်ကောင်းကင်တမန် မသိ
ကိုယ်တော်ဝှက်ထားသော လျှို့ဝှက်ချက်
လူနှင့်တစ်လုံးတစ်ဝဖြစ်ရန်
ရှေးဦးကကြံစည်ခဲ့
အပြစ်ဝင်လာကာဖျက်ဆီးရာ
စာတန်ကြံစည် လိမ္မာပါးနပ်
သို့သော်မေတ္တာတော်ကိုမနိုင်
ကျွန်ုပ်ကိုရယူခဲ့။
chorus
ဤမေတ္တာဇာတ်လမ်း နက်နဲအလိုတော်
နိမ့်ကျလူသားဖြစ်လာရာ ကျေးတောသူရယူရန်
မည်ရာတားဆီးနိုင် မည်ရာပြောင်းလဲနိုင်
ကိုယ်တော်ထာဝရမေတ္တာ ကျေးတောသူကိုရယူ။
Verse 3
ဘုရင်တို့ဘုရင်လူဖြစ်လာ
ကိုယ်တော်သေခံ-ရွေးနှုတ်ခံရ
ထမြောက်ကာ ဘုရင်မဖြစ်စေ
ဘုရင်နှင့်လက်ထပ်စေ
သေခြင်းမှထမြောက် ကျိန်းဝပ်လာ
ဘုရားဇာတိကို ပိုင်ဆိုင်ရ
အသက်၊ သဘောသဘာဝ၌
ဘုရားနှင့်လူတူညီ။
chorus
မေတ္တာ၌ဆွဲဆောင် ကိုယ်တော်ကို ပိုင်ဆိုင်
ငါ့အဖို့ ငါမရှင်ပြီ ကိုယ်တော်အဖို့သာရှင်
မေတ္တာတော်ဆွဲဆောင် နာမတော်စွဲလမ်း
ပုဂ္ဂိုလ်တော်ဖြင့် ဆွဲဆောင်ခံ ကိုယ်တော်နမ်းခြင်းခံရ။
Verse 4
ဤချိုမြိန်မိတ်သဟာယ၌
ကိုယ်တော်နှင့်ရင်းနှီးကျွမ်းဝင်ရာ
မေတ္တာတော်ချိုမြိန်ခြင်းခံစား
ကိုယ်တော်နှင့်ဆက်နွယ်ရ
နေ့စဉ်အတွင်းပိုင်းပြောင်းလဲပေး
စိတ်နှလုံးနှင့်ဖြစ်ခြင်းအားလုံး
သဏ္ဌာန်ပြောင်းလဲ၊ သတို့သမီး
ဘုရင်မဖြစ်ခွင့်ရ။
chorus
မေတ္တာ၌ဆွဲဆောင် ကိုယ်တော်ကို ပိုင်ဆိုင်
ငါ့အဖို့ ငါမရှင်ပြီ ကိုယ်တော်အဖို့သာရှင်
မေတ္တာတော်ဆွဲဆောင် နာမတော်စွဲလမ်း
ပုဂ္ဂိုလ်တော်ဖြင့် ဆွဲဆောင်ခံ ကိုယ်တော်နမ်းခြင်းခံရ။
Audio