Back to YP Songs

YP22NS74

ကြံစည်တော်အတွက် ကျွန်ုပ်ကိုခေါ်

21

Verse 1

ကြံစည်တော်တွက် ကျွန်ုပ်ကိုခေါ် ကိုယ်တော်စီမံကိန်း ဘုန်းတော်ပြည့်

ကိုယ်တော်သည် အဆင့်ဆင့်ဖြတ်ကျော် ယခု ကိုယ်တော်အဆုံးစွန်

ဝိညာဉ်တော်ဖြစ် ကျွန်ုပ်၌ကျိန်း ဘုရားသည် ကျွန်ုပ်တို့ဝေစု

ပြည့်ဝသောကယ်တင်ခြင်းပြုပေး ကျွန်ုပ်အား ကိုယ်တော်နှင့်တူစေ။

chorus

အို၊ သခင်ဘုရား၏စီမံကိန်းမြင် ရှင်းလင်းရူပါရုံထိန်းချုပ်စိတ်နှလုံး

ကျွန်ုပ်၏ဝိညာဉ်လုံးလုံးတောက်လောင်သည့်တိုင် (လောင်ကျွမ်းနေ)၂

သန်စွမ်းဝိညာဉ်ဖြင့် ကျွန်ုပ်တို့ချီတက် ဘုရားပန်းတိုင်ပြီးမြောက်-

ယေရုရှလင်မြို့သစ်၊ ဟာလေလုယာ။

Verse 2

ဘုရား-လူ သက်ရှင်စံ ယေရှု

ကျွန်ုပ်တို့လျှောက်ရန် လမ်းခင်းခဲ့

ဇာတိလူကို ကိုယ်တော်ငြင်းပယ်

သေသည့်တိုင်နာခံခဲ့ပြီ

ယခင် ဘုရား-လူ တစ်ဦးတည်း

ယခု ကျွန်ုပ်တို့ကိုယ်ပွားတော်

များစွာသောဂျုံစပါးရောနှော

ကိုယ်တော်၏ စုပေါင်းထုတ်လုပ်ခြင်း။

chorus

အို၊ သခင်ဘုရား၏စီမံကိန်းမြင် ရှင်းလင်းရူပါရုံထိန်းချုပ်စိတ်နှလုံး

ကျွန်ုပ်၏ဝိညာဉ်လုံးလုံးတောက်လောင်သည့်တိုင် (လောင်ကျွမ်းနေ)၂

သန်စွမ်းဝိညာဉ်ဖြင့် ကျွန်ုပ်တို့ချီတက် ဘုရားပန်းတိုင်ပြီးမြောက်-

ယေရုရှလင်မြို့သစ်၊ ဟာလေလုယာ။

Verse 3

ရှင်ပြန်ထမြောက်ခြင်းကို သက်ရှင်

သွေးသား၊ စိတ်အသက်ကိုသေစေ

ပေါင်းစည်းဝိညာဉ်ဖြင့် သက်ရှင်ပြီ

ဇာတိလူကို ငြင်းပယ်ပြီ

ယခု ခန္ဓာတော်၌သက်ရှင်

နေ့စဉ်တိုင်း ကျွန်ုပ်တို့အောင်မြင်

ဇိအုန်တောင်ထိပ်အဖို့ အားထုတ်

သခင်ဘုရားကြွလာခြင်းမျှော်။။

chorus

အို၊ သခင်ဘုရား၏စီမံကိန်းမြင် ရှင်းလင်းရူပါရုံထိန်းချုပ်စိတ်နှလုံး

ကျွန်ုပ်၏ဝိညာဉ်လုံးလုံးတောက်လောင်သည့်တိုင် (လောင်ကျွမ်းနေ)၂

သန်စွမ်းဝိညာဉ်ဖြင့် ကျွန်ုပ်တို့ချီတက် ဘုရားပန်းတိုင်ပြီးမြောက်-

ယေရုရှလင်မြို့သစ်၊ ဟာလေလုယာ။

Verse 4

ဘုရားနှင့်လူ သက်ရှင်တစ်ခု

စဉ်မြဲပေါင်းစည်း ဝိညာဉ်၌ရှိ

နှစ်ဦးဖြစ်သော်လည်း တစ်ဦးတည်း

တစ်ခုတည်းသောရှင်သန်ခြင်း

ဤရာ ခေတ်များ၏ရူပါရုံ

နေ့စဉ်သက်တာထိန်းချုပ်ခြင်းခံ

ကိုယ်တော်သည် ခန္ဓာတော်ရရှိ

သန့်ရှင်းမြို့တော်အဖြစ် ထွန်းလင်း။

Audio