Back to YP Songs

YP192NS638

မန္န

21

Verse 1

ကောင်းကင်မှ မန္နကျလာ

ဘုရားထံမှ အံ့ဖွယ်နက်နဲ

ယေရှုသည် ဤမုန့်ဖြစ်ရာ

လောကအသက်အတွက် ပေးထား

စားသုံး

ကိုယ်တော်သည် အသက်မုန့်

ရယူ

အို မစရာဖြစ်

ချီးမွမ်း

ကိုယ်တော်သာ ကျေနပ်ရာ

ယေရှု

အားလုံးပါဝင် ခရစ်။

Verse 2

ခရစ်တော် ဝိညာဉ်ရာကျောက်

ဘုရားရှင် ရိုက်ခွဲချိုးပေး

အသက်ရေသည် စီးထွက်လာ

ဆာငတ်ခြင်းများ ပြေပျောက်စေ

သောက်သုံး

အသက်စမ်းရေတွင်းဖြစ်

မြည်းစမ်း

ချိုမြိန်အသက်ရေ

ချီးမွမ်း

ဆာငတ်ခြင်း မရှိတော့

ယေရှု

အားလုံးပါဝင် ခရစ်။

Verse 3

ကားတိုင်ပေါ် သံမှိုရိုက်ခံ

အသွေးနှင့် ရေ စီးဆင်းရာ

ရွေးနုတ်ခြင်း ဖိုးခပေးပြီ

လက်ခံ၍ မွေ့လျော်ဝမ်းမြောက်

ရယူ

ကယ်တင်ရှင်၊ ရှင်ဘုရင်

ပေးအပ်

ပထမနေရာ

ချီးမွမ်း

အားလုံးတွက်ပူဇော် ယဇ်

ယေရှု

အားလုံးပါဝင် ခရစ်။

Verse 4

ယနေ့ ဝိညာဉ်တော်ဖြစ်မူ

အိမ်ဆောက်နေရန် အသင့်ရှိ

နာမခေါ်ခြင်း နည်းလမ်းဖြစ်

ကြွယ်ဝခြင်းအားလုံး ရရန်

ရှူသွင်း

နျူမက်တစ် အရှင်ဖြစ်

ထိတွေ့

အို လွန်စွာ နီးကပ်

ချီးမွမ်း

သက်ပေးဝိညာဉ်တော်

ယေရှု

အားလုံးပါဝင် ခရစ်။

Audio