သခင်ဘုရားကို အရူးအမူးချစ်သူ
21
Verse 1
သခင်ကို အရူးမူး ချစ်သည်
နေ့စဉ်တိုင်း ပို၍ ချစ်သည်
ကိုယ်တော့်လှပခြင်း ဆွဲဆောင်နေ
ချိုမြိန်ပွေ့ဖက်ခြင်း တောင့်တသည်
မျက်နှာချင်းဆုံ ကြည့်ရှုမည်
တစ်နေ့ အကြိမ်တစ်ထောင် စိတ်နှလုံးလှည့်ပြန်ကာ။
refrain
ချစ်လှသည်
သခင်ကို ချစ်
ဟုတ်ပါ၏
ကိုယ်တော်ကို ချစ်သည်။
Verse 2
ပုံစံများအားလုံး ထားခဲ့ပြီ
သခင်၊ ကျွန်ုပ်တောင့်တရာ
ဝိညာဉ်၌ ကိုယ်တော်နှင့်အတူ
ကျွန်ုပ်၌ ရှိသမျှ ခပ်သိမ်းသည်
ချစ်တော်မူခြင်းမှ လာ၏
တစ်နေ့ အကြိမ်တစ်ထောင် စိတ်နှလုံးလှည့်ပြန်ကာ။
refrain
ချစ်လှသည်
သခင်ကို ချစ်
ဟုတ်ပါ၏
ကိုယ်တော်ကို ချစ်သည်။
bridge
စုံလင်ခြင်းကို မေ့လိုက်
မှန်ကန်ခြင်းကို မေ့လိုက်
သင်ဖြစ်ခြင်း မဖြစ်ခြင်းကို မေ့လိုက်ပါ
(မေ့ပစ်လိုက်)
သခင်သည် မြဲ ရှာဖွေ
သင့်ဖြစ်ခြင်းသို့ ပျံ့နှံ့
သင့်စိတ်နှလုံး၌ အိမ်ဆောက်ရန်
ထံတော် စိတ်နှလုံး လှည့်ပြန်လာ။
refrain
ချစ်လှသည်
သခင်ကို ချစ်
ဟုတ်ပါ၏
ကိုယ်တော်ကို ချစ်သည်။
Audio