မစမူပါ၊ သခင်
21
Verse 1
နူးညံ့နှလုံး မစမူပါ
ကျောက်နှလုံး ဖယ်ရှားပါ
ကိုယ်တော်ထံ ကျွန်ုပ် အလျှော့ပေး
အလိုတော်ကို ယူဆောင်
အလိုတော်ကို ယူဆောင်။
Verse 2
စင်ကြယ်နှလုံး မစမူပါ
ကိုယ်တော်တွက်သာ ဖြစ်ရန်
သန့်ရှင်းများ မျက်မှောက်တော်ရှာ
သစ္စာရှိစွာ နောက်လိုက်
သစ္စာရှိစွာ နောက်လိုက်။
Verse 3
ချစ်ခြင်းနှလုံး မစမူပါ
နေ့စဉ်ဆွဲဆောင်မူပါ
သစ်ပြုပြင်၊ လန်းဆန်း၊ တောက်လောင်စေ
ကိုယ်တော်တွက်သာ တောင့်တ
ကိုယ်တော်တွက်သာ တောင့်တ။
Verse 4
ငြိမ်သက်နှလုံး မစမူပါ
ပြစ်မှားခြင်း ကင်းရှင်းလေ
မိတ်သဟာယ ကျွန်ုပ် လျှောက်လှမ်း
စိုးရိမ်စဉ်းစား ကင်းစေ
စိုးရိမ်စဉ်းစား ကင်းစေ။
Verse 5
ပြစ်ကင်းနှလုံး တည်စေ၊ သခင်
သန့်ရှင်းခြင်း၌ စွဲကိုင်
နိုင်ငံတော်ကို သက်ရှင်၊ သခင်
မြေကြီးပေါ်သို့ ဆောင်လာ
မြေကြီးပေါ်သို့ ဆောင်လာ။
Audio