Back to YP Songs

YP188NS513

ရွေးချယ်ခံရခြင်း

21

Verse 1

လောကမှုရေးရာ ဝန်ပိနေ၊ ငါ့နောက်သို့လိုက် သခင်ခေါ်လေ

ကျွန်ုပ်သည် မောပန်း၊ တုံ့ဆိုင်းနေ၊ ကိုယ်တော်ခေါ်ကာ ကျွန်ုပ်ကို မစွန့်

ကျွန်ုပ် တုံ့ပြန်သောအခါ၊ ဝမ်းမြောက်ရောင်ခြည်ထွန်းလင်း

ဘုန်းတော်၊ နားခို၊ ချီးမွမ်း နေ့ရက်တိုင်းဖြည့်၊

နောက်တော်လိုက်ရာ လမ်းတစ်လျှောက်။

Verse 2

ဤလောကမှာ နည်းလမ်းများရှိ၊ ကြီးမြတ်ခြင်းစွဲလမ်းသူများပြည့်

ကျွန်ုပ်နှလုံး ပိုင်ဆိုင်ခံပြီ၊ မည်သူမျှမလုယူနိုင်တော့ပါ

ကိုယ်တော်အားဖြင့် သန့်ရှင်းစင်ကြယ်၊ ဘုရားတစ်ပါးတည်းသာ

ရှိသမျှ ကိုယ်တော် လက်တော်၌၊ လမ်းသစ်အတွက် အသုံးပြုပါ။

Verse 3

သခင်နှစ်ဦး စေမခံနိုင်၊ ဘုရားနှင့်လောက အတူမရ

အသုံးပြုခြင်း၊ စောင့်ထိန်းခြင်းဖြစ်စေ၊ ဘိသိက်ဆီကို တစ်ကြိမ်သာ သွန်းလောင်း

ကိုယ်တော်သာလျှင် ကျွန်ုပ်ချစ်ရာ၊ နောက်လှည့်ပြန်ခြင်းမရှိ

ကိုယ်တော်သာလျှင် တန်ဖိုးရှိလှ၊ ကျွန်ုပ်တစ်သက်လုံး ချစ်မည်။

refrain

ဆက်ကပ်အပ်နှံခြင်း ယဇ်ပလ္လင်ပေါ်၌၊

လောင်ကျွမ်း၍ စစ်တော်မူပါ ဆုတောင်း

ကရုဏာ ကျေးဇူးဖြင့် ရွေးချယ်ခဲ့၊

ဝမ်းမြောက်စွာ ထံတော် ပေးအပ်မည်။

ဤအသက်တာသည် အထူး မဖြစ်လည်း၊

မြေကြီးကို ကောင်းကင်သို့ ဆက်နွှယ်

ပြုံးတော်မူခြင်း၌ ဝမ်းမြောက်မျှော်ကြည့်၊

ထာဝရသရဖူသို့လှမ်း။

Audio