မြေတန်ဆာ၌ရှိသော ဖိုးထိုက်ဘဏ္ဍာ
Verse 1
ရွေးချယ် ခေါ်ခြင်းခံ တုံ့ပြန်ပြီ
ကိုယ်တော်နှင့် တွေ့ခြင်း အသက်တာ ဖိုးထိုက်
ငယ်ရွယ်သော်လည်း ကိုယ်တော်နောက် လိုက်မည်
ကြွယ်ဝခြင်းများ ထွန်းလင်းတန်ဆာဖြစ်ရန်၊
ဆက်ကပ်အပ်နှံရန် တုံ့ဆိုင်းနေ
ဘုန်းတော် ကောင်းချီးပန်းတိုင် ရနိုင်မည်လား
အလင်း၌ ကျွန်ုပ် မြင်ရပြီ
ကျွန်ုပ်မတတ်နိုင်၊ ကိုယ်တော့် ကရုဏာ။
refrain
ဆက်ကပ်အပ်နှံခြင်း သစ်လွင်စေပြီ
နီးကပ်စွာလိုက် အချိန်ရွေးနုတ်
သာလွန်တက်ကြွ အသက်တော် ရှင်ထွက်
အတွင်းမှ ဘဏ္ဍာကို မြင်ရ။
Verse 2
မြေတန်ဆာထဲရှိ ဘဏ္ဍာသည်
တန်ခိုးနှင့် သာလွန်ခြင်းများကို ထင်ရှား
မျက်နှာတော်အလင်း၌ အစဉ်တည်
ကိုယ်တော်နှင့်နီးလေ၊ ခြားရာ စွန့်လွှတ်လေ။
ဒဏ်ရာ၊ ညဉ်းဆဲခြင်း ဖိအားများ၊
ရှင်ပြန်ထမြောက်သော အသက်ကို ဆောင်လာ
ယာယီပေါ့ပါး နာကျင်ခံလည်း
ထာဝရလေးလံသော ဘုန်းတော်ရရှိ။
Verse 3
ဘုန်းကြီးဘုရား ထွန်းလင်း ဆွဲဆောင်
အသက်တာများ ဘုရားကြံစည်တော်တွက်
ဖိုးထိုက်ဘဏ္ဍာ အဆင်သင့်ဖြစ်ပြီ
မည်သို့ဖြစ်စေ ကိုယ်တော်နှင့်တူ ရှိမည်။
နှုတ်တော်ဖြင့် ဆေးကြော သန့်ရှင်းခံ
ဝန်ပိခြင်းမရှိ၊ သန့်ရှင်း၍ ကြည်လင်
သဏ္ဌာန်တော်သို့ ပုံသွင်း၊ ပြုပြင်
ခေါ်တော်မူခြင်းထံ ချက်ချင်း တုံ့ပြန်ပြီ။
Verse 4
မျှော်လင့်ရာ ယေရုရှလင်သစ်
တည်ဆောက်ခြင်းတွက် လုံ့လရှိစွာ
လိုက်လျှောက်
မေတ္တာ သွန်းလောင်း၊ ချိုမြိန်ဆီ စီးထွက်
ဘုရားအကျိုးမြတ်တွက် ရဲရင့်တိုက်ခိုက်၊
ဘုရား-စီမံရာ လမ်း ပျံ့နှံ့
အသစ်သော နိုးကြားခြင်း ရရှိသည်တိုင်
ချစ်သခင် လျင်မြန်ကြွ မူပါ
ကတိအတိုင်း ကျွန်ုပ်တို့မျိုးဆက်၌။
Audio