အရှင်နှုတ်ဖြင့် နမ်းခြင်းများနှင့် နမ်းမူပါ
Verse 1
အရှင်နှုတ်ဖြင့် နမ်းခြင်းများနှင့် နမ်းမူပါ
မြောက်လေအေး၊ တောင်လေညင်း တိုက်ခတ်ခြင်း ဖြစ်စေ
ငါ့ချစ်သူ သင်သည် လှပ
ချိုးငှက်၏ မျက်လုံးများဖြင့်
အရှင်နှုတ်ဖြင့် နမ်းခြင်းများနှင့် နမ်းမူပါ။
chorus
သခင်ကို ချစ်၊ အမှန် ချစ်လှသည်
ကျွန်ုပ်ထံ ချစ်ဆုံး၊ ချိုမြိန်၊ ဖိုးထိုက် ကိုယ်တော်
သခင်ကို ချစ်၊ အမှန် ချစ်လှသည်
ယေရှုသာ၊ ကျွန်ုပ်၏ ထာဝရ ချစ်သူ။
Verse 2
နှင်းပွင့်ဖြစ်လာ ရိုးရှင်း၊ ဖြူစင်၊ ချိုမြိန်လှ
သူမဇာတိနှင့် ခွန်အား၌ မမှီခို
ခရစ်အသက်၌ ကိုးစား
ကြွယ်ဝပေါများ အသက်တော်
အရှင်နှုတ်ဖြင့် နမ်းခြင်းများနှင့် နမ်းမူပါ။
Verse 3
ဥယျာဉ်ဖြစ်လာ စမ်းရေ၊ စမ်းချောင်း စီးဆင်းကာ
မွှေးကြိုင် နံ့သာ ခရစ်အသက် ယူဆောင်လာ
ထမြောက်ခြင်းအသက် ထင်ရှား
တက်ကြွခြင်း၌ နားခိုနိုင်
အရှင်နှုတ်ဖြင့် နမ်းခြင်းများနှင့် နမ်းမူပါ။
Verse 4
သတို့သမီး၊ ယေရုရှလင်သစ် ဖြစ်လာ
ထာဝရတိုင် မျက်မှောက်တော် တည်ရှိနေရာ
သစ္စာတော်ကို သက်သေထူ
ကိုယ်တော့်ကို အစေခံကြ
အရှင်နှုတ်ဖြင့် နမ်းခြင်းများနှင့် နမ်းမူပါ။
Verse 5
မေတ္တာနောက်ဆုံးအဆင့် အနမ်းသာကျန်ရစ်
ကိုယ်တော်နှင့် ချစ်သူများ ထာဝရစိုးစံ
ကိုယ်တော်ကို ကျွန်ုပ် တွေ့လျှင်
နမ်းပါမည်၊ အားလုံးမြင်မည်
အရှင်နှုတ်ဖြင့် နမ်းခြင်းများနှင့် နမ်းမူပါ။
Audio