Back to YP Songs

YP186NS290

ကိုယ်တော်လှပခြင်း၊ ချစ်ခြင်းဆွဲဆောင်

21

Verse 1

ကိုယ်တော်လှပခြင်း၊ ချစ်ခြင်းဆွဲဆောင်

ကိုယ်တော်နောက်တော်သို့ အမြဲလိုက်ရန်

အတွင်းခန်းထဲ ခေါ်ဆောင်ပါ

ကျွေးမွေးခြင်းကို ခံရန်။

refrain

ချစ်ဖွယ်ရှင်၊ ကျွန်ုပ်ကိုပိုင်ဆိုင်

ချစ်သခင်၊ တင့်တယ်လှပသည်

အသက်နှင့် သဘော၌ တူညီ

ခွဲခြားမရ ချစ်မေတ္တာ၌။

Verse 2

ကိုယ်တော်ဖြင့် ကျွန်ုပ် သန့်ရှင်းစင်ကြယ်

အသက်တော်မှ ကျွန်ုပ်လှပခြင်း

သစ်ပြုပြင်၊ ဝန်ခံ၊ ချိုမြိန်

ခုန်လွှား သမင်ကဲ့သို့။

Verse 3

ချိုးငှက်ကဲ့သို့၊ ကိုယ်တော့်ကိုသာမြင်

နှင်းပွင့်ကဲ့သို့၊ ကိုယ်တော်၌ ကိုးစား

သဏ္ဌာန်ပြောင်းလဲ တည်ဆောက်ခံ

ကိုယ်တော်နားခို၊ ဝမ်းမြောက်။

Verse 4

လယ်ကွင်းများ၌ နောက်တော် လိုက်ပါမည်

နေ့ရက်တိုင်း သဘောတစ်ညီ လုပ်ဆောင်

ဘုရင်မ၊ သတို့သမီး ကြီးရင့်

ချီဆောင်ခံ၊ ဘုန်းထင်ရှား။

refrain

နှလုံးတော်၌ တံဆိပ်ခတ်ပါ

မေတ္တာတော် သေခြင်းအမျှ အားကြီး

ချစ်ဘုရင်၊ ကိုယ်တော်ကိုသာ တောင့်တ

နံ့သာတောင်ပေါ် လျင်မြန်ကြွပါ။

Audio