လှပ
21
Verse 1
သင်တိရဇာကဲ့သို့ လှပ
ယေရုရှလင်ကဲ့သို့ချစ်ဖွယ်
သူမသည် ကောင်းချီးခံရ
ဘုရင်မများက ချီးမွမ်းကြ။
Verse 2
ဤချစ်ဖွယ်မိန်းမ မည်သူနည်း
သူမသည် အရုဏ်ဦးကဲ့သို့
လကဲ့သို့ သူမလှပ
နေကဲ့သို့ တောက်ပကြည်လင်။
refrain
နေကဲ့သို့ ကြည်လင်၊ လကဲ့သို့ တင့်တယ်
အရုဏ်ဦးကဲ့သို့ထွက်ပေါ်
ငါ၏ ချစ်သောသူ။
နေကဲ့သို့ ကြည်လင်၊ လကဲ့သို့ တင့်တယ်
အရုဏ်ဦးကဲ့သို့ ထွက်ပေါ်
ယေရုရှလင်ကဲ့သို့။
Verse 3
အောင်လံတံခွန်နှင့်အတူ
စစ်တပ်ကဲ့သို့ကြောက်မက်ဖွယ်
ဤမိန်းမသည် မည်သူနည်း
ငါ၏ရွေးချယ်ခံရာ။
Verse 4
လှည့်ပြန်လာပါ၊ ရှုလမိတ်
ကျွန်ုပ်တို့ ရှုမြင်လို
စစ်တပ်နှစ်တပ်ကဲ့သို့
ရှုမြင်ရဦးမည်လော။
refrain
အို ရှုလမိတ်၊ ရှုမြင်ခွင့်ပြုပါ
အို၊ ရှုလမိတ်
လှပ၊ တင့်တယ်နေ။
နေကဲ့သို့ကြည်လင်၊ လကဲ့သို့တင့်တယ်
အရုဏ်ဦးကဲ့သို့ ထွက်ပေါ်
ငါ၏ချစ်သောသူ။