မေတ္တာ၌နစ်မြုပ်
21
Verse 1
မေတ္တာ၌နစ်မြုပ်
နှင်းထက် ပိုသစ်လွင်စေ
မြေကြီးဆိုင်ရာများမှ စောင့်ထိန်းခံရပြီ
နူးညံ့ခံစားမှု
ချစ်သခင့် မေတ္တာတော်
ကိုယ်တော်သာ ချစ်ဖွယ်ရာကောင်းဆုံး ချစ်သခင်။
chorus
ကိုယ်တော်နှင့်အတူ
မည်မျှနှစ်သက်လှ
ယခု ဤခွင့်ရေးရယူကာ မြွက်ဆိုမည်
ကိုယ်တော့် ချစ်သည်
ကိုယ်တော်နှင့်အတူ သက်တာလုံး တူရှိမည်။
Verse 2
ကျွန်ုပ်မငြင်းနိုင်
ကိုယ်တော်သာ ချစ်လှသည်
ဘုရားဆိုင်ရာ ကောင်းကင်စပျစ်ရည် မြည်းစမ်း
မေတ္တာ၌နစ်မြုပ်
ဖြစ်ခြင်းအားလုံးသွန်းလောင်း
ကျွန်ုပ်အနာဂတ်ရှိသမျှ ကိုယ်တော်သာ။
Verse 3
ဆွဲဆောင်ခြင်းခံရ
ကိုယ်တော်မေတ္တာတော်ဖြင့်
သွန်းလောင်းနံ့သာမွေးသို့ နာမတော်ချိုမြိန်
ဖမ်းဆီးခံရပြီ
ချစ်ဖွယ်ပုဂ္ဂိုလ်တော်ဖြင့်
နောက်တော်လိုက်ရန် ဤခေတ်မှ ဆွဲဆောင်မူပါ။
Audio