ခရစ်တော်သည် ဂျူဘလီကို ကြွေးကြော်ခဲ့ပြီ
21
Verse 1
ကျွန်ုပ်ကြွယ်ဝလည်း ဆင်းရဲနေ
ချည်းနှီးရာ ပို၍ ဆုပ်ကိုင်လေ
ထိုခါ ဘုန်းကြီး ခရစ် ရရှိ
ကျွန်ုပ်ဝေစု၊ ကျေးဇူး၊ အသက်။
chorus
ခရစ်တော်ကြွေးကြော် ဂျူဘလီ
ကျေးဇူးခေတ်၊ သင်နှင့်ကျွန်ုပ်ဖို့
ထံတော်လှည့်ပြန် ဖြည့်ခံ၊ လွတ်မြောက်
အသင်းတော် မိသားစုထဲ၌။
Verse 2
ကောင်းခြင်းကိုမျှော် သို့သော် ကျဆင်း
အပြစ်သို့ ကျွန်ုပ် ကျွန်ခံနေ
ခရစ်တော် ရွေးနုတ် သက်ရှင်စေ
ချည်နှောင်ခြင်းမှ လွတ်မြောက်စေပြီ။
Verse 3
လှည့်လည်နေ၊ အိမ်ကို မတွေ့ခဲ့
စိတ်နှလုံးသည် လှည့်လည်လျက်ရှိ
သို့သော် မိသားစုကို တွေ့ပြီ
ခရစ်နှင့်သင်းတော် - နေရာမှန်။
Verse 4
ဂျူဘလီကို ကြွေးကြော်ကြစို့
သတင်းကောင်းဖြန့်၊ လွှတ်ခြင်းကြွေးကြော်
ကယ်တင်ခြင်းကို လူတိုင်းထံ ပြော
ဘုရားသည် ကျွန်ုပ်တို့ဝေစု။
Audio