ကိုယ်တော်မေတ္တာကြိုးများဖြင့် ဆွဲဆောင်တော်မူပါ
21
Verse 1
မေတ္တာတော် ကြိုးများဖြင့်
ကျွန်ုပ်ကို ဆွဲဆောင်မူပါ
ကျွန်ုပ်ဖြစ်ခြင်းအားလုံး သိမ်းပိုက်ပါ၊
ပန်းတိုင်တော် ကြံစည်တွက်
ကျွန်ုပ်သည် ရပ်တည်နေ
နှုတ်တော်ဖြင့် ကိုယ်တော်၏
နှလုံးတော်ထံ။
Verse 2
ဆုတောင်းသောသူဖြစ်စေ
ယုံကြည်ခြင်း ဘုရား ပေါင်းစည်း
အစဉ်ဆုတောင်းလျက် စိတ်အား မလျော့၊
မခြားမလပ်ဆုတောင်း
နေ့စဉ်တိုင်း ဆုတောင်းခြင်းပြု
မိမိကိုယ် မကိုးစား
ဘုရား ကိုးစား။
Verse 3
သွန်သင်ပါ၊ နေ့ရက်များ
မဖြုန်းဘဲ၊ ရေတွက်တတ်ရန်
ကိုယ်တော်နှင့် နေ့တစ်ရက် သာ၍ကောင်းမြတ်၊
ကျေးဇူး၌ သစ္စာရှိ
နေ့ရက်တိုင်း ကိုယ်တော်ထင်ရှား
အရာရာ၌ ကိုယ်တော်
တိုးပွားခြင်းတွက်။
Verse 4
ကျွန်ုပ်တွင်း ရုန်းကန်လျှင်
ကျွန်ုပ်ကို ခွင့်မပြုနှင့်
အောင်နိုင်ပါ၊ သိမ်းပိုက်ပါ၊ ဖြစ်ခြင်းအားလုံး၊
တစ်ဝက်တည်း ဆက်ကပ်ခြင်း
မဟုတ် ပြည့်ဝပေးအပ်မည်
ကိုယ်တော်တွက် ဖိုးခကို
ပြည့်ဝပေးမည်။
Audio