စီမံကိန်းသို့တိုင်အောင်
21
Verse 1
ထာဝရအတိတ်မှ မဟာကြံစည်တော်
အလိုတော်သည် ဝှက်ထား ကြီးမားနက်နဲခြင်း
ပညာတော်ဖြင့် ယခု သိစေတော်မူပြီ
သားတော် ခရစ်တော်၌ ဖွင့်ပြပြီ။
chorus
ကာလအချိန်ပြည့်စုံခြင်း၏ စီမံကိန်းသို့တိုင်အောင်
ကောင်းကင်များ၌ ရှိသမျှ
ခရစ်တော်၌ ချုပ်ချာစေပြီ
ကာလအချိန်ပြည့်စုံခြင်း၏ စီမံကိန်းသို့တိုင်အောင်
မြေကြီးပေါ် ရှိသမျှ
ခရစ်တော်၌ ချုပ်ချာစေပြီ။
Verse 2
ခရစ် လူ့ဇာတိခံ ဘုရား လူထဲကြွ
ကားတိုင်ပေါ်သေခြင်းဖြင့် ရွေးနုတ်ခြင်းပြည့်စုံ
ရှင်ပြန်ထမြောက်ခြင်း၌ နှစ်သိမ့်သူဖြစ်လာ
တက်ကြွတော်မူခြင်း၌ ချီးမြှောက်နာမ။
Verse 3
သားတော်ကို ဖွင့်ပြရန် ဘုရားနှစ်သက်ရာ
ဝေငှဖြန့်ဖြူးခြင်းဖြင့် တစ်လုံးတစ်ဝဖြစ်
ဤပေါများကြွယ်ဝသော အသက်မစခြင်း
အသင်းတော်သည် တည်ဆောက်၊ အလှဆင်ပြီ။
Hymn details
Scripture: ဧဖက် ၁း၉-၁၀
Audio