အသိထက် နက်နဲ အသက်ရှိရာ
Verse 1
အသိထက် နက်နဲ အသက်ရှိရာ
လူ၏တွေ့ကြုံခြင်း၊ သို့သော် ဘုရားဆိုင်ရာ
ကန့်သတ်မဲ့သောအသက်
ဘုန်းတော်နှင့် ပြည့်ဝနေ
အနက်၊ အမြင့်၊ အနံ တိုင်းတာမရပေ။
ဤအသက်သည် သက်ရှင်ပုဂ္ဂိုလ်တော်
သားတော်၏ပုဂ္ဂိုလ်တော်၌ ကိုယ်ထင်ရှားလာ
ဝိညာဉ်တော်ဖြစ် စီးဆင်း
ဝိညာဉ်၌ ကြီးထွားလာ
အလိုတော် အသင်းတော်ဖြစ်ရန် ကြီးထွားလာ။
chorus
အို သခင်၊ စီးဆင်းခြင်းတွက် ကျွန်ုပ်တို့
နက်နဲအသိကို လိုအပ်
အသက်သည် ကျွန်ုပ်တို့၌ ကိုယ်တော်။
ယခု လှည့် ပြန်လာစေ
အသက်၌ နက်နဲပြောင်းလဲ
သို့မှ အလိုတော်
အသင်းတော်ကို ရရှိ။
Verse 2
အသင်းတော်၌ ကျွန်ုပ်တို့နားလည်
အတွင်းရှိ အသက်၏ ကြွယ်ဝခြင်းများကို
ပေါ်ယံ ရုန်းကန်ခြင်းမဟုတ်
နက်နဲ ငြိမ်သက်သောအသက်
သက်ရှင် စမ်းရေ စီးထွက်ရန် စောင့်လျက်ရှိနေ။
သန့်ရှင်းသူများနှင့်အတူ ရဲရင့်
ဤအသက်ကို ဆည်းပူး၊ ရယူ၊ ကိုင်စွဲရန်
တွေ့ရှိရာ အခြားရာများ
အမြန် စွန့်လွှတ်ကျောခိုင်းကာ
ကျွန်ုပ်တို့၌ အသက်သာ တည်မြဲစေပါ။
Verse 3
ထံတော်သို့ ပြောင်းလဲခြင်း နက်နဲစေ
လုပ်ဆောင်ရာ ခပ်သိမ်း၌ အသက်ဖြင့် လှုပ်ရှား
ခံယူချက်များ ငြင်းပယ်
အသက်တော်သာ အကြွင်းမဲ့
နေ့စဉ် နက်နဲ ပြောင်းလဲရန် ကျေးဇူး မစ။
ဝိညာဉ်ထိတွေ့သောခါ လွန်ဝမ်းသာ
အသိ၊ ခံစားမှု၊ အလိုထက် သာလွန်ပေ
ဝှက်ထားအပိုင်း၌ တည်နေ
စိတ်နှလုံး၌ အိမ်ဆောက်ပါ
မျက်မှောက်တော်သည် မြစ်များကဲ့သို့ စီးဆင်းစေ။
Audio