ပျံ့နှံ့မူပါ သခင်
Verse 1
ကိုယ်တော်ကို ချစ်ခြင်း
မေတ္တာတော်အားဖြင့်
အတွင်းမှ လျှံထွက်စီးဆင်း
ကိုယ်တော့်ထိတွေ့ခြင်း
ကိုယ်တော်နှင့် ကျွန်ုပ်
ကိုင်းဆက်ကာ၊ ကိုယ်တော်၌တည်
သက်တော် အသီးသီး
ခပ်သိမ်းထက် ကျော်လွန်
ကျွန်ုပ်မြွက်ဆိုမည်
ပျံ့နှံ့မူပါ
ပျံ့နှံ့မူပါ။
Verse 2
ကိုယ်တော်၌ ကိန်းဝပ်
ကျွန်ုပ်၌ ကိုယ်တော်
တည်ဆောက်ခြင်းအလုပ် တိုးပွား
ကိုယ်တော်ဖြင့် မွေးဖွား
ကျွန်ုပ်၌ ကိုယ်တော်
ပြည့်ဝကြီးထွား ရင့်ကျက်တိုင်
ကျွန်ုပ်ဖွင့်ပါမည်
ပို၍ တည်ပါမည်
ဖြစ်ခြင်းအားလုံး၌
ပျံ့နှံ့မူပါ
ပျံ့နှံ့မူပါ။
bridge
အသိဉာဏ်မှတဆင့်
ခံစားမှု၊ အလို
နေ့စဉ်အသစ်ပြုပြင်
ကျွန်ုပ်ဖြစ်ခြင်း
ကိုယ်တော်နှင့် လုံးလုံး ပြည့်ဝသည့်တိုင်။
Verse 3
စိတ်နှလုံးတော်သည်
ကျွန်ုပ်ထံ ပေးအပ်
ထာဝရအတိတ်မှစ
ကျွန်ုပ်၌ ကိုယ်တော်
လုပ်ဆောင်တော်မူခြင်း
စပျစ်ပင်၌ ကျွန်ုပ်တည်
ကျွန်ုပ်ရှင်းလင်းမြင်
ကိုယ်တော့်အုပ်စိုးခြင်း
ပန်းတိုင်တော်သို့တိုင်
ကိုယ်တော်ကြွသည့်တိုင်
ပျံ့နှံ့မူပါ။
Audio