M96E175KC96MT96

တင့်တယ်လှသခင်

သခင်ဘုရားကို ချီးမွမ်းခြင်း - လှပခြင်း

21

Verse 1

တင့်တယ်လှသခင်

ရာခပ်သိမ်း၏အရှင်

ယေရှုသခင် ဘုရားသားတော်ရှင်

ကိုယ်တော်ကို ချစ်ပါမည်

ကိုယ်တော်ကို လေးမြတ်မည်

ကျွန်ုပ်စိတ် ဘုန်းတော် ဝမ်းမြောက်ရာ။

Verse 2

လှပပန်းမန်များ

ချစ်ဖွယ်လှ သူငယ်များ

လှပတင့်တယ် ချစ်ဖွယ်ကောင်းသော်လည်း

ယေရှုပို၍ လှပ

ယေရှုသာ ဖြူစင်လှ

နာကျင်နှလုံး သီချင်းကျူးစေ။

Verse 3

နေရောင်သည် ထွန်းလင်း

တောက်ပလမင်းရောင်ခြည်

ကြယ်များသည် ထွန်းလင်း တောက်ပသော်လည်း

ယေရှုသာ တောက်ပဆုံး

ယေရှုပို၍ ထွန်းလင်း

ကောင်းကင်တမန်များ ဝါကြွားရာ။

Verse 4

ကောင်းကင်နှင့် မြေကြီး

လှပဆုံး အရာများ

ကိုယ်တော်၌သာ အံ့သြဖွယ်တည်ရာ

ကိုယ်တော်ထက် နီးနိုင်ရာ

ကိုယ်တော်ထက် ချစ်နိုင်ရာ

ကျွန်ုပ်၌ အခြားမရှိပါ။

Hymn details

စာသား: German (17th Century)

သံစဉ်: Schleisische Volkslieder, Arranged by Richard Storrs Willis

Meter: 5.6.8.5.5.8.

Key: Eb Major

Time: 4/4

Audio