ကယ်တင်ပိုင်ရှင် နဖူးတော်မှာ
သခင်ဘုရားကို ချီးမွမ်းခြင်း - လှပခြင်း
21
Verse 1
ကယ်တင်ပိုင်ရှင် နဖူးတော်မှာ
ဘုန်းအာနုဘော်တည်ပေ
ဦးရစ်မကိုဋ် ရောင်ခြည်ထွန်းပ
နှုတ်ခမ်းတော်တင့်တယ်လေ။
Verse 2
သခင်ဘုရားနှင့် ပြိုင်နိုင်သူ
လူသားများတွင်မရှိ
ကောင်းကင်ဘုံသားတို့တွင်ဆိုမူ
ထိုနည်း အတုမဲ့တည်း။
Verse 3
ကျွန်ုပ်အသက်ကို ကိုယ်တော်ပိုင်
ဝမ်းမြောက်ခြင်းလည်း ပိုင်၏
သေခြင်းကိုလည်း အောင်မြင်စေပြီ
သင်္ချိုင်းမှ ကယ်နုတ်ပြီ။
Verse 4
ခမည်းတော်ဘုရားထံတော်သို့
ကျွန်ုပ်ကို ပို့ဆောင်ပြီ
ဘုရား၏ ဘုန်းတော်ကို ပြသ
ဝမ်းမြောက်ခြင်း ပြည့်စုံစေ။
Verse 5
ကိုယ်တော်၏ကြွယ်ဝခြင်းများစွာ
မေတ္တာတော် ခံစားရ
နှလုံးတစ်ထောင်ပင် ရှိသော်ကား
အကုန်ဆက်ကပ်ပါမည်။
Hymn details
စာသား: Samuel Stennett
သံစဉ်: Thomas Hastings
Meter: 8.6.8.6. with repeat.
Key: G Major
Time: 6/8
Audio