M95E173KC95MT95

နံနက်ခင်းထက်လှပ၊ ကိုယ်တော်

သခင်ဘုရားကို ချီးမွမ်းခြင်း - လှပခြင်း

21

Verse 1

နံနက်ခင်းထက်လှပ၊ ကိုယ်တော်

ကယ်တင်ရှင်၊ ဘုရင်စစ်မှန်

ကိုယ်တော့်ကြင်နာခြင်း၊ လှပခြင်း

ကျွန်ုပ်ချီးမွမ်းကျူးဧမည်။

chorus

နံနက်ခင်းထက်လှပ-ကိုယ်တော်

နေ့အလင်းထက် တောက်ပ၊ ထွန်းလင်းမူ

ဘုန်းထင်ရှားသောမျက်မှောက်တော်၌

မိုးတိမ်၊မှောင်မိုက်များလွင့်ပြေး။

Verse 2

အလင်းဖြင့် လွမ်းခြုံခြင်းခံပြီ

ဘုရားဘုန်းသရဖူဆောင်း

အုပ်စိုးခြင်းအာဏာစက်ရှိပြီ

သခင်နှင့်ထာဝရတည်။

chorus

နံနက်ခင်းထက်လှပ-ကိုယ်တော်

နေ့အလင်းထက် တောက်ပ၊ ထွန်းလင်းမူ

ဘုန်းထင်ရှားသောမျက်မှောက်တော်၌

မိုးတိမ်၊မှောင်မိုက်များလွင့်ပြေး။

Verse 3

ကိုယ်တော့်ကြီးမားကရုဏာတော်

ကျေးဇူးတော်၏ကြွယ်ဝခြင်း

နိုင်ငံတော်၌ရှိသောမေတ္တာ

ကျွန်ုပ်တွက် နေရာပြင်ဆင်။

chorus

နံနက်ခင်းထက်လှပ-ကိုယ်တော်

နေ့အလင်းထက် တောက်ပ၊ ထွန်းလင်းမူ

ဘုန်းထင်ရှားသောမျက်မှောက်တော်၌

မိုးတိမ်၊မှောင်မိုက်များလွင့်ပြေး။

Verse 4

နိုင်ငံတော်သို့ ရောက်သောအခါ

စစ်ပွဲကင်း၊ သရဖူဆောင်း

ကြိမ်ပေါင်းထောင်သောင်းမက ထောင်သောင်း

ထာဝရချီးမွမ်းသီဆို။

chorus

နံနက်ခင်းထက်လှပ-ကိုယ်တော်

နေ့အလင်းထက် တောက်ပ၊ ထွန်းလင်းမူ

ဘုန်းထင်ရှားသောမျက်မှောက်တော်၌

မိုးတိမ်၊မှောင်မိုက်များလွင့်ပြေး။

Hymn details

စာသား: Fanny Jane Crosby

သံစဉ်: John Robson Sweney

Meter: 8.7.8.7. with chorus.

Key: G Major

Time: 4/4

Audio