M94E170KC94MT94

ကိုယ်တော်သည် ချစ်ဖွယ်သတို့သား

သခင်ဘုရားကို ချီးမွမ်းခြင်း - လှပခြင်း

21

Verse 1

ကိုယ်တော်သည် ချစ်ဖွယ်သတို့သား

ဘုရားဘိသိက် ခံရပြီ

လှပတင့်တယ်လျက်ရှိနေပြီ

ကျွန်ုပ်တို့တွက် လှပဆုံး။

Verse 2

ကိုယ်တော်ကို မြတ်နိုးလျက်ရှိပြီ

ကြီးမြတ်ဆုံး နာမတော်ကို

ကျွန်ုပ်တန်ဖိုးရှိစွာထားပြီ

ကိုယ်တော်မေတ္တာ လေးစားဖွယ်။

Verse 3

လှပသထက် အလှပဆုံး

ချိုသာသထက် ချိုသာဆုံး

နှိမ့်ချခြင်းနှင့် အမွန်မြတ်ဆုံး

ကိုယ်တော်နှင့် နှိုင်းလို့မရ။

Verse 4

ကိုယ်တော်၏ ဖြူစင်သောဝတ်လုံ

ကျေးဇူးတော်ကြွယ်ဝ နှုတ်တော်

နာကျင်စွာ ခံစား၍ကယ်တင်

မေတ္တာဖြင့် ကျွန်ုပ်ပွေ့ဖက်။

Verse 5

ဝမ်းမြောက်ခြင်း၏ ဘိသိက်ဆီဖြင့်

ဘုရားသည် ဘိသိက်ပေးပြီ

ထယ်ဝါသော ဆင်စွယ်နန်းတော်မှ

ဝမ်းမြောက်ခြင်းနှင့် ချီးမွမ်းပြီ။

Verse 6

ကိုယ်တော်သည် ကောင်းချီးခံရပြီ

အောင်မြင်မှုကို ရခဲ့ပြီ

ပလ္လင်ပေါ်၌ ဘုန်းထင်ရှားပြီ

တန်ခိုးတော်ဖြင့် ခန့်ညားပြီ။

Verse 7

တိုင်းနိုင်ငံများ၏ တောင့်တရာ

ဖိုးထိုက်ခြင်းကို သက်သေထူ

ထောင်ပေါင်းများစွာ၏ ခေါင်းဆောင်ဖြစ်

ဖိုးထိုက်ဆုံး ချစ်ဖွယ်အရှင်။

Hymn details

စာသား: Witness Lee

သံစဉ်: John Bacchus Dykes

Meter: 8.7.8.7.

Key: C Major

Time: 4/4

Audio