M93E165KC93MT93

ငါ၏သီချင်းသည် ယေရှု

သခင်ဘုရားကို ချီးမွမ်းခြင်း - ကောင်းမြတ်တော်မူခြင်း

21

Verse 1

ငါ၏သီချင်းသည် ယေရှု

ကရုဏာသရဖူ

ကောင်းချီးဖြင့် ခွက်ဖလားဖြည့်

ချီးမွမ်းခြင်းဖြစ်စေပြီ

ငါ၏သီချင်းသည် ယေရှု

ဘုရား၏မြတ်သိုးငယ်

ရွေးနုတ်ခြင်းတွက် စွန့်တော်မူ

သွေးတော်ဖြင့် ဝယ်မူပြီ။

Verse 2

ငါ၏သီချင်းသည် ယေရှု

ခြေတော်ရင်းထိုင်စဉ်ဝယ်

ကောင်းမြတ်ခြင်းရေတွက်ရာ

ချိုမြိန်ခြင်းခံစားရ

ငါ၏သီချင်းသည် ယေရှု

မည်သို့ဖျားနာသော်လည်း

ကယ်တင်ခြင်းကျေးဇူးချီးမွမ်း

အစဉ်စောင့်ထိန်းမူပြီ။

Verse 3

ငါ၏သီချင်းသည် ယေရှု

လျှောက်လှမ်းရာလမ်းခရီး

စင်ကြယ်စုံလင်တော်မူရာ

ဘုန်းပြည့်နိုင်ငံတော်တိုင်

ဘုန်းထယ်ဝါရာနယ်ပယ်ထဲ

ငါ့စိတ်ဝင်ရောက်သွားစဉ်

ယေရှုအား သီချင်းချီးမွမ်း

ထိုနေရာစဉ်ချီးမွမ်း။

Hymn details

စာသား: Fanny Jane Crosby

သံစဉ်: William Howard Doane

Meter: 7.6.7.6..D.

Key: Eb Major

Time: 4/4

Audio