မည်မျှအံ့ဖွယ်သော ရွေးနုတ်ခြင်း
သခင်ဘုရားကို ချီးမွမ်းခြင်း - ရွေးနုတ်ခြင်း
Verse 1
မည်မျှအံ့ဖွယ်သော ရွေးနုတ်ခြင်း
ကျွန်ုပ်သခင်ပြုပေး
မကြား၊ မမြင်၊ မစဉ်းစားခဲ့
ကိုယ်တော်ပြုသောအမှု
ဘုရားဖြစ်ခြင်း နက်နဲလှပေ
ကျွန်ုပ်မြွက်ဆိုမနိုင်
ရွေးနုတ်ခြင်းသည် လွန်စွာအံ့ဖွယ်
ချီးမွမ်း၍မကုန်နိုင်။
chorus
မည်မျှအံ့ဖွယ် ရွေးနုတ်ခြင်း
ဖန်ဆင်းခြင်းသစ် ဘုန်းထင်ရှား
ထာဝရတိုင် သက်ရောက်နေ
ကျွန်ုပ်တို့ချီးမွမ်းမည်။
Verse 2
ကားတိုင်ပေါ်တွင် လှံတံထိုးခံ
သွေးတော်နှင့် ရေစီးဆင်း
ကျွန်ုပ်တို့တွက်အသက်ပေးခဲ့
ရွေးနုတ်ခြင်းခံရပြီ
ဖိုးထိုက်သွေးတော်ဖြင့် သန့်ရှင်းပေး
ကျွန်ုပ်တို့ခံရပြီ
ကိုယ်တော်အသက်ဖြင့်မွေးဖွားပေး
ကိုယ်တော်နှင့်ပေါင်းစည်းစေ။
chorus
မည်မျှအံ့ဖွယ် ရွေးနုတ်ခြင်း
ဖန်ဆင်းခြင်းသစ် ဘုန်းထင်ရှား
ထာဝရတိုင် သက်ရောက်နေ
ကျွန်ုပ်တို့ချီးမွမ်းမည်။
Verse 3
ကိုယ်တော်သည် ဂျုံစပါးမျိုးစေ့
များစွာသီးရန်သေခံ
ရောနှောပေါင်းစည်း ခန္ဓာတော်မြင်
ကိုယ်တော့်သဘောဝေမျှ
ကိုယ်တော့်တိုးပွားခြင်း ကျွန်ုပ်တို့
ကိုယ်တော်ထည့်ဝင်ပြည့်ဝ
ကျွန်ုပ်တို့ဖြင့် ကိုယ်တော်သက်ရှင်
ကိုယ်တော်ထင်ရှားမူပြီ။
chorus
မည်မျှအံ့ဖွယ် ရွေးနုတ်ခြင်း
ဖန်ဆင်းခြင်းသစ် ဘုန်းထင်ရှား
ထာဝရတိုင် သက်ရောက်နေ
ကျွန်ုပ်တို့ချီးမွမ်းမည်။
Verse 4
ကျွန်ုပ်တို့သည် ခန္ဓာတော်ဖြစ်
ကိုယ်တော်ဝင်ရောက်နေထိုင်
ကျွန်ုပ်တို့၌ ကိုယ်တော့်အိမ်ရှိ
ကိုယ်တော်အားကိုးရာဖြစ်
နှလုံးတော်ကျေနပ်ဝမ်းမြောက်ရာ
ကိုယ်ပွားတော် ကျွန်ုပ်တို့
ခန္ဓာတော်တစ်ကိုယ်တည်းဖြစ်ပြီ
ကိုယ်တော်ဝမ်းမြောက်မူပြီ။
chorus
မည်မျှအံ့ဖွယ် ရွေးနုတ်ခြင်း
ဖန်ဆင်းခြင်းသစ် ဘုန်းထင်ရှား
ထာဝရတိုင် သက်ရောက်နေ
ကျွန်ုပ်တို့ချီးမွမ်းမည်။
Verse 5
အောက်မေ့ခြင်း၌စုပေါင်းစည်းဝေး
ပုံဆောင်ချက် ခုမြင်တွေ့
ရွေးနုတ်ခြင်းကြီးမားပြည့်စုံလှ
ကျွန်ုပ်တို့ ချီးမွမ်းပြည့်
ကျွန်ုပ်တို့သည် ခန္ဓာတော်ဖြစ်
သတို့သမီးဖြစ်ပြီ
ကိုယ်တော့်ကို ကျေးဇူးတင်ဝတ်ပြု
ချီးမွမ်းပါမည်အစဉ်။
chorus
မည်မျှအံ့ဖွယ် ရွေးနုတ်ခြင်း
ဖန်ဆင်းခြင်းသစ် ဘုန်းထင်ရှား
ထာဝရတိုင် သက်ရောက်နေ
ကျွန်ုပ်တို့ချီးမွမ်းမည်။
Hymn details
စာသား: Witness Lee
သံစဉ်: Ira David Sankey
Meter: 8.6.8.6.D.
Key: Eb Major
Time: 6/8
Audio