ခရစ်တော်သည် ထမြောက်ပြီ
သခင်ဘုရားကို ချီးမွမ်းခြင်း - ရှင်ပြန်ထမြောက်ခြင်း
21
Verse 1
ခရစ်တော်သည် ထမြောက်ပြီ
ဟာလေလုယာ
လိုအပ်မှုကို ပြည့်စုံစေ
ဟာလေလုယာ
အောင်နိုင်ခြင်း၊ ဝမ်းမြောက်ကြွေးကြော်
ဟာလေလုယာ
ကောင်းကင်၊ မြေကြီးသီချင်းဆို
ဟာလေလုယာ။
Verse 2
ဘုန်းကြီးဘုရင်တစ်ဖန်ရှင်
ဟာလေလုယာ
သေခြင်းသည် အဘယ်မှာနည်း
ဟာလေလုယာ
သေခံခြင်းဖြင့် ကယ်တင်ယူ
ဟာလေလုယာ
သင်္ချိုင်းအောင်ခြင်းဘယ်မှာနည်း
ဟာလေလုယာ။
Verse 3
မေတ္တာတော်ရွေးနုတ်အမှုပြီး
ဟာလေလုယာ
စစ်ပွဲတိုက်ခိုက်အောင်မြင်ပြီ
ဟာလေလုယာ
ထမြောက်ပြီ၊ သေခြင်းချည်းနှီး
ဟာလေလုယာ
ခရစ်တော်သည် တက်ကြွပြီ
ဟာလေလုယာ။
Verse 4
ခရစ်တော်သည် ဦးဆောင်ပြီ
ဟာလေလုယာ
ချီးမြောက်ခံဦးခေါင်းနောက်လိုက်
ဟာလေလုယာ
ကိုယ်တော်နည်းတူ ထမြောက်မည်
ဟာလေလုယာ
မြေကြီးချည်နှောင်မှ လွတ်မြောက်
ဟာလေလုယာ။
Hymn details
စာသား: Charles Wesley
သံစဉ်: Lyra Davidica
Meter: 7.4.7.4.D.
Key: B Major
Time: 4/4
Audio