M78E111KC78MT78

ယေရှု၊ ပြစ်သားမိတ်ဆွေ

သခင်ဘုရားကို ချီးမွမ်းခြင်း - ရွေးနုတ်ခြင်း

21

Verse 1

ယေရှု၊ ပြစ်သားမိတ်ဆွေ

ကိုယ်တော်၌ ပုန်းကွယ်ရ

သွေးဖြန်းခြင်းပေါ် ဘုရားကြည့်ရှု

ကျွန်ုပ်တို့ပြစ်လွတ်ရ။

Verse 2

ဖိုးထိုက်နာမကြားမူ

နာမတော်ကို ဆောင်ယူ

ခမည်းတော်လက်ခံကောင်းချီးပေး

နှစ်သက်မြတ်နိုးသားတော်။

Verse 3

ပညတ်တော်ကို ပြည့်စေ

ဖြောင့်မတ်ခြင်းခံရပြီ

ကိုယ်တော်ကျိန်ခံ၊ ကောင်းချီးခံရ

ကျွန်ုပ်သက်ရှင်ရပြီ။

Verse 4

ယေရှု၊ ပြစ်သားမိတ်ဆွေ

မည်သို့ချီးမွမ်းတတ်နိုင်

ရွေးနုတ်သောစိတ်နှလုံးတော်ကို

သီချင်းမည်သို့ဆိုနိုင်။

Verse 5

ပလ္လင်တော်ရှေ့ရောက်လျှင်

မျက်နှာတော်မြင်ရမည်

ဖြူသောဝတ်လုံ ကျွန်ုပ်ဆင်မြန်း

ကိုယ်တော်ရှေ့ စုံလင်ရပ်။

Verse 6

ယေရှု၊ ချီးမွမ်းပါသည်

ချီးမွမ်းခြင်းများပြုကြ

ထောင်သောင်းသောချီးမွမ်းခြင်းများပြည့်

ခြေတော်ရင်း လေးမြတ်ကြ။

Hymn details

စာသား: Mrs. Pennefather

သံစဉ်: Robert Jackson

Meter: 6.6.8.6.

Key: F Major

Time: 3/4

Audio