M77E108KC77MT77

' ငြိုငြင်ခံသူ 'နာမဖြင့်

သခင်ဘုရားကို ချီးမွမ်းခြင်း - ရွေးနုတ်ခြင်း

21

Verse 1

' ငြိုငြင်ခံသူ 'နာမဖြင့်

ဘုရားသားတော် ကြွလာခဲ့

ဆိုးယုတ်ပြစ်သား ကယ်တင်ရန်

ဟာလေလုယ ကယ်တင်ရှင်ဖြစ်။

Verse 2

ကဲ့ရဲ့လှောင်ပြောင်ခြင်းခံကာ

ကျွန်ုပ်ကိုယ်စား စီရင်ခံ

သွေးတော်ဖြင့် သက်သေပြမူ

ဟာလေလုယ ကယ်တင်ရှင်ဖြစ်။

Verse 3

ဆိုးညစ်ပြစ်သား ကျွန်ုပ်တို့

ပြစ်ကင်းစင် ဘုရားသိုးငယ်

ပြည့်ဝရွေးနုတ် ဖြစ်နိုင်လား

ဟာလေလုယ ကယ်တင်ရှင်ဖြစ်။

Verse 4

သေခံမူရန် တိုင်ပေါ်တွင်

' မှုပြီးပြီ ' ကိုယ်တော်ကြွေးကြော်

ကောင်းကင်၌ ခုချီးမြှောက်ခံ

ဟာလေလုယ ကယ်တင်ရှင်ဖြစ်။

Verse 5

ဘုန်းကြီးဘုရင် ကြွလာလျှင်

နိုင်ငံတော်ကို ယူဆောင်လာ

ဤသီချင်းသစ်ကို ကျူးဧ

ဟာလေလုယ ကယ်တင်ရှင်ဖြစ်။

Hymn details

စာသား: Philip Paul Bliss

သံစဉ်: Philip Paul Bliss

Meter: 7.7.7.8.

Key: Bb Major

Time: 4/4

Audio