M76E107KC76MT76

ယုဒပူဇော်သက္ကာ၊

သခင်ဘုရားကို ချီးမွမ်းခြင်း - ရွေးနုတ်ခြင်း

21

Verse 1

ယုဒပူဇော်သက္ကာ၊

ယဇ်ကောင်မျိုးမျိုးအသွေး

အပြစ်မှလွတ်၊ စိတ်ငြိမ်းစိမ့်ငှာ

အလျင်းမတတ်နိုင်လေ။

Verse 2

သိုးငယ်ခရစ်တော်ကား

ထိုယဇ်များထက် ထူးမြတ်

သွေးတော်အဖိုး၊ အလွန်ထိုက်စွာ၊

အပြစ်ခပ်သိမ်းလွှတ်တတ်။

Verse 3

အကျွန်ုပ်ယုံပါ၏၊

မြတ်ခေါင်းတော်၌ လက်တင်

နောင်တရလျက် အပြစ်ရှိရှိ

ဝန်ချပါ၏သခင်။

Verse 4

လက်ဝါးကပ်တိုင်အပေါ်၊

ကိုယ်တော်ခံသောပြစ်ဒဏ်

အကျွန်ုပ်အောက်မေ့ဆင်ခြင်သော်၊

ကျွန်ုပ်အတွက် ထင်ဝံ့။

Verse 5

ယုံကြည်ခြင်းဖြင့် ဝမ်းမြောက်

ကျိန်ခြင်းမှ လွတ်မြောက်ရ

သိုးသငယ်အား ကောင်းချီးပေးကာ

ချီးမွမ်းသီချင်းဆိုမည်။

Hymn details

စာသား: Isaac Watts

သံစဉ်: Lowell Mason

Meter: 6.6.8.6.

Key: C Major

Time: 3/2

Audio