M75E98KC75MT75

ယေရှု၊ အသက်၏အရင်းမြစ်

သခင်ဘုရားကို ချီးမွမ်းခြင်း - ဆင်းရဲဒုက္ခခံရခြင်း

21

Verse 1

ယေရှု၊ အသက်၏အရင်းမြစ်

ဇီဝအသက်၏မူလ

သေမင်းနိုင်ငံကို အောင်နိုင်သူ

သေခြင်းကို ချေမှုန်း၊ ရှက်စေ

ဆင်းရဲဘေးဒုက္ခဖြတ်ကျော်ခဲ့

ကယ်တင်ခြင်းအမှုတွက်အပ်နှံ

ထောင်သောင်း၊ ထောင်သောင်း ချီးမွမ်းသံ

ဘုန်းကြီးသခင်ထံ ချီးမွမ်း။

Verse 2

အိုဘုရားသခင်၏သားတော်

ပြောင်လှောင်၊ မုန်းတီး၊ ရွံရှာခံ

ဘုန်းကြီးဘုရင်ကိုယ်တော်ရှင်သည်

ဆူးဦးရစ်ကို ဆောင်းခဲ့ပြီ

သေခံခြင်းဖြင့် ကျွန်ုပ်တို့အား

အပြစ်သံကြိုးမှ လွတ်မြောက်စေ

ထောင်သောင်း၊ ထောင်သောင်း ချီးမွမ်းသံ

ဘုန်းကြီးသခင်ထံ ချီးမွမ်း။

Verse 3

ကိုယ်တော့်ပေါ် ရှက်ဖွယ်ရာ စုပုံ

ကိုယ်တော်သည်းခံတော်မူခဲ့

ခါးသည်းနာကျင်သေခြင်းမဟုတ်

ကျွန်ုပ်တို့တွက် ရွေးနုတ်ခြင်း

ကိုယ်တော်၏အံ့ဖွယ်နှိမ့်ချခြင်း

ကယ်တင်ခြင်းအမှုပြီးမြောက်စေ

ထောင်သောင်း၊ ထောင်သောင်း

ချီးမွမ်းသံ

ဘုန်းကြီးသခင်ထံ ချီးမွမ်း။

Verse 4

စိတ်နှလုံးမှ ချီးမွမ်း၊ လေးမြတ်

ကယ်တင်ရှင်ကို လေးမြတ်လှ

ကိုယ်တော်၏နှိမ့်ချသက်ရှင်ခြင်း

ကိုယ်တော်သေခံ၊ ကျွန်ုပ်ရှင်

ဝမ်းနည်းခြင်းကို သည်းခံတော်မူ

ဝမ်းမြောက်ခြင်းကို

စောင့်ထိန်းတော်မူ

ကိုယ်တော်ကို ကျေးဇူးတင်ခြင်း

ကာလစဉ်ဆက် ကျွန်ုပ်ပြ။

Hymn details

စာသား: Ernest Christoph Homburg

သံစဉ်: William Batchelder Bradbury

Meter: 8.7.8.7.8.8.7.7.

Key: Bb Major

Time: 3/4

Audio