M74E95KC74MT74

ဦးခေါင်းတော်ဒဏ်ရာပြည့်နှက်

သခင်ဘုရားကို ချီးမွမ်းခြင်း - ဆင်းရဲဒုက္ခခံရခြင်း

21

Verse 1

ဦးခေါင်းတော်ဒဏ်ရာပြည့်နှက်

နာကျင်၊ ရွံရှာခံရ

ပြစ်တင်ကဲ့ရဲ့ခြင်းခံရ

ဆူးဦးရစ်နှင့် လှောင်ပြောင်

သို့သော် ယခုဦးခေါင်းတော်

ဘုန်းသရဖူ ပတ်ရစ်

ယခင်ဒဏ်ချက်ဖြင့် သေခံ

သစ်တိုင်ပေါ် ကျိန်ခြင်းခံ။

Verse 2

မျက်နှာတော်ထူးမြတ်သာလွန်

နေမင်းအသက်ဖြစ်၏

လောက၏မှီခိုခံရ

သို့သော်တံတွေးထွေးခံ

ညှင်းဆဲမှုမည်မျှခံရ

အပြစ်ဝန်ထမ်းခဲ့ပြီ

ကျွန်ုပ်အပြစ်ကြွေးကြီးမား

သွေးတော်၌ ဖိုးခပေး။

Verse 3

ကိုယ်တော့်ကို ကျေးဇူးတင်သည်

အို ကယ်တင်ရှင်၊ မိတ်ဆွေ

မည်မျှကျေးဇူးကြီးမားလှ

သွေးတော်သွန်းလောင်းခဲ့ပြီ

ကိုယ်တော့်သစ္စာရှိခြင်းကို

ခိုင်ခံ့သင်ယူစေပါ

ဘုန်းတော်ဖြင့် ဆောင်ယူခံတိုင်

မျက်နှာတော်ဖူးမြင်မည်။

Hymn details

စာသား: Bernard of Clairvaux

သံစဉ်: Anon.

Meter: 7.6.7.6.D.

Key: Ab Major

Time: 4/4

Audio