M73E94KC73MT73

အို ကိုယ်တော်မည်သည့်ဝန်ထမ်းဆောင်

သခင်ဘုရားကို ချီးမွမ်းခြင်း - ဆင်းရဲဒုက္ခခံရခြင်း

21

Verse 1

အို ကိုယ်တော်မည်သည့်ဝန်ထမ်းဆောင်

ကျွန်ုပ်၏ဝန်ကိုဆောင်

ပြစ်သားများကိုယ်စားကိုယ်တော်ခံ

ဖျားနာခြင်းများဆောင်ယူ

ကိုယ်တော်သွေးတော်သွန်းလောင်းပေးပြီ

ခုကျွန်ုပ်ဝန်ပေါ့ပြီ။

Verse 2

သေခြင်း၊ ကျိန်ခြင်း ခွက်၌မြင်ပြီ

ကိုယ်တော်သည် လုံးလုံးဖြစ်

ကိုယ်တော်သည် မှောင်မိုက်ကိုစစ်ထုတ်

ကျွန်ုပ်ကို ရှင်းလင်းပေး

ခါးသည်းခွက်ကို မေတ္တာတော်သောက်

ကောင်းချီးခွက်ကျွန်ုပ်သောက်။

Verse 3

ယေဟောဝါသည် တုတ်ကိုင်မြောက်ပြီ

ကိုယ်တော်ပေါ်ကျရောက်ပြီ

ဘုရား၏ရိုက်ခြင်းခံပြီလေ

ကျွန်ုပ်ရိုက်ခြင်းမခံ

မျက်ရည်၊ သွေးတော်စီးဆင်းပြီလေ

ကျွန်ုပ်ရောဂါငြိမ်းပေး။

Verse 4

ကြောက်မက်ဖွယ်အမျက်တော်သံကြား

ကိုယ်တော်ချိုးဖဲ့ခံပြီ

ရင်ခွင်တော်ကျွန်ုပ်နားခိုရာ

မုန်တိုင်းမှ ကာကွယ်ပေး

ဒဏ်ချက်ရာကိုယ်တော်ဆောင်ယူပြီ

မိုးသားကင်းငြိမ်သက်ပြီ။

Verse 5

ယေဟောဝါသည် ဓားတော်ပြင်ပြီ

ခရစ်တော်ကို လှုပ်နိုးပြီ

သွေးတော်မီးလျှံထိုးခြင်းခံပြီ

စိတ်နှလုံးတော်ဓားအိမ်

ကျွန်ုပ်တွက်ကြောင့် ကိုယ်တော်ခံပြီ

ကျွန်ုပ်တွက် အိပ်မူပြီ။

Verse 6

ကျွန်ုပ်တွက် ကိုယ်တော်သေခံပြီ

ကိုယ်တော်နှင့်တူ သေခံ

ထမြောက်ခြင်းဖြင့် လွတ်မြောက်စေပြီ

ကျွန်ုပ်၌ ကိုယ်တော်ရှင်

စင်ကြယ်ခြင်း၊ဖြူစင်ခြင်းပြုပေး

ကျွန်ုပ်ဘုန်းထင်ရှားမည်။

Hymn details

စာသား: Ann Ross Cousin

သံစဉ်: Ira David Sankey

Meter: 8.6.8.6.8.6.

Key: Eb Major

Time: 4/4

Audio