M72E88KC72MT72

မည်မျှလှပ ဘုရားမှတ်သား

သခင်ဘုရားကို ချီးမွမ်းခြင်း - အသက်တော်

21

Verse 1

မည်မျှလှပ ဘုရားမှတ်သား

ကိုယ်တော့်နူးညံ့ခြင်း၌ ထင်ရှား

ကိုယ်တော်လျှောက်ရာ လမ်းခရီးတော်

အံ့ဖွယ်မေတ္တာ၊ ဘုရားသားတော်။

Verse 2

ကိုယ်တော်ရှင်သည် နူးညံ့၊ ထွန်းလင်း

လူသားစင်စစ်၊ အလင်းဖြစ်မူ

ကိုယ်တော်နည်းတူ မည်သူရှိနည်း

ဆင်းရဲဒုက္ခ၊ သည်းခံခဲ့ပြီ။

Verse 3

ကိုယ်တော်ကဲ့သို့ မည်သူနိမ့်ချ

လူ၏မုန်းတီး၊ ပြောင်လှောင်ခြင်းခံ

နူးညံ့၊ နိမ်ကျ၊ သို့သော်မြင့်မား

နှိမ့်ချတော်မူခြင်းဘုန်းထင်ရှား။

Verse 4

သေခံခြင်းဖြင့် ကျဉ်းသားလွတ်စေ

နာကျင်မုန်းတီး၊ လှောင်ပြောင်ခြင်းခံ

ညှင်းဆဲခံကာ မေတ္တာပြပြီ

ကရုဏာဖြင့် သွေးတော်စီးဆင်း။

Verse 5

အံ့ဖွယ်သခင်၊ ကျွန်ုပ်စိတ်သည်

ကိုယ်တော်ထံသို့ သဏ္ဌာန်တူလာ

နိမ့်ကျလူသား၌ သင်ယူမည်

သက်တာ၌ ကိုယ်တော်နှင့်တူလာ။

Hymn details

စာသား: Arthur Cleveland Coxe

သံစဉ်: Robert A. Schumann

Meter: 8.8.8.8.

Key: C Major

Time: 4/4

Audio