M71E87KC71MT71

သခင်၊ ကျွန်ုပ်တို့လျှောက်ရာလမ်း

သခင်ဘုရားကို ချီးမွမ်းခြင်း - အသက်တော်

21

Verse 1

သခင်၊ ကျွန်ုပ်တို့လျှောက်ရာလမ်း

ကိုယ်တော်ကိုယ်တိုင် လျှောက်ခဲ့

လူထံမေတ္တာ၊ ကျေးဇူးဖော်ပြ

ဘုရားထံ သစ္စာရှိ။

Verse 2

နာကျင်စွာဖြင့် မေတ္တာဖော်ပြ

သင်္ချိုင်းထက်ခိုင်သက်သေ

ကိုယ်တော့်နံဘေးတော် လှံထိုးခံ

သွေးတော်စီး၊ကယ်တင်ပြီ။

Verse 3

ကိုယ်တော်ဒုက္ခဆင်းရဲဖြတ်သန်း

ပြုသောအမှုကောင်းမြတ်

အသက်တာ ဝမ်းနည်းကြေကွဲလည်း

ညည်းတွားမြည်တမ်းမပြု။

Verse 4

သစ္စာမဲ့အလယ် သစ္စာရှိ

မှောင်မိုက်အလယ် အလင်း

ခမည်းတော်၏နာမ ဝန်ခံ

အလိုတော်ကို ဖြည့်ပေး။

Verse 5

ဒုက္ခ၊ ရှက်ကြောက်၊ ဆုံးရှုံးခြင်းခံ

စာတန်ဖြားယောင်း မမှု

ကိုယ်တော်၏လမ်းပျော်ပါးခြင်းကင်း

ကားတိုင်သို့သာဦးဆောင်။

Verse 6

ကိုယ်တော်၏နှိမ့်ချတော်မူခြင်း

ကိုယ်တော်၏ပျော်ရွှင်ခြင်း

နားခိုခြင်း၊ ကျေနပ်ခြင်းတွေ့ပြီ

သခင်၌ သင်ယူမည်။

Hymn details

စာသား: James George Deck

သံစဉ်: From Little Flock Tune Book

Meter: 8.6.8.6.

Key: Bb Major

Time: 3/4

Audio