M70E86KC70MT70

ဘုန်းကြီးမြင့်မြတ် ဘုရား ဖြစ်လည်း

သခင်ဘုရားကို ချီးမွမ်းခြင်း - အသက်တော်

21

Verse 1

ဘုန်းကြီးမြင့်မြတ် ဘုရား ဖြစ်လည်း

သွေးသား၌ငါ တို့နှင့် နီးစပ်

နိမ့်ကျသောလူ သားဖြစ် လာရာ

ကိုယ်တော့် ကိုအောက် မေ့သည်။

Verse 2

ဘုရားဘုန်းတော် ကိုစွန့် လွှတ်ကာ

သွေးသား၏အောက် ၌နေ ထိုင်လာ

သွင်ပြင်လှပ မှုမ ရှိပါ

ကိုယ်တော့် ကိုအောက် မေ့သည်။

Verse 3

ခြောက်သွေ့မြေမှ ပေါက်သော အမြစ်

ငြိုငြင်ခံရ သောလူ သားဖြစ်

လူ၏မုန်းတီး ငြင်းပယ် ခံရ

ကိုယ်တော့် ကိုအောက် မေ့သည်။

Verse 4

ကိုယ်တော့်နှလုံး နူးညံ့၊ နှိမ့်ချ

အလိုရှိစွာ ဒုက္ခ ခံစား

ဘုရားနှင့်လူ ရှေ့မ ညည်းတွား

ကိုယ်တော့် ကိုအောက် မေ့သည်။

Verse 5

နူးညံ့၊ချိုမြိန် သောလူ သားဖြစ်

အရာရာ၌ ညီမျှ ပြည့်စုံ

ခမည်းတော်ထံ မုန့်ပူ ဇော်ဖြစ်

ကိုယ်တော့် ကိုအောက် မေ့သည်။

Verse 6

အဖ၏အ လိုတော် လုပ်ဆောင်

စာတန်လှည့်ဖြား ခြင်းမ ခံရ

သစ္စာ၊ပညာ နှင့်ပြည့် စုံလှ

ကိုယ်တော့် ကိုအောက် မေ့သည်။

Verse 7

ဘုရားအလို နာခံ ခြင်းဖြင့်

ကျွန်ုပ်ခံရန် ကားတိုင် နေရာ

အလိုရှိစွာ နာကျင်ခံစား

ကိုယ်တော့် ကိုအောက် မေ့သည်။

Verse 8

ဘုရား၏ချီး မြှောက်ခြင်း ခံပြီ

ဘုန်းတော်နှင့်ထည် ဝါခြင်း ရရှိ

ကောင်းကင်မြေကြီး ရှေ့တော် ဒူးထောက်

ကိုယ်တော့်ကို ဝတ်ပြုသည်။

Hymn details

စာသား: Witness

သံစဉ်: Arranged by Paul Beckwith

Meter: 8.8.8.6.

Key: Bb Major

Time: 6/8

Audio