M69E85KC69MT69

ရွှင်လန်းဝမ်းမြောက်ဝမ်းသာ သစ္စာစောင့်သူများလာ

သခင်ဘုရားကို ချီးမွမ်းခြင်း - လူ့ဇာတိခံခြင်း

21

Verse 1

ရွှင်လန်းဝမ်းမြောက်ဝမ်းသာ သစ္စာစောင့်သူများလာ

ဗက်လင်မြို့သို့ အတူလျှင်မြန်သွားကြစို့

ကောင်းကင်ဘုရင် သားတော်ရှင်ကို ဖူးမြင်ဖို့။

chorus

လာကြ၊ ကိုးကွယ်ကြကုန်အံ့

လာကြ၊ ကိုးကွယ်ကြကုန်အံ့

ခရစ်တော်ရှင်သခင်ကို

ကိုးကွယ်ကြကုန်အံ့။

Verse 2

ကောင်းကင်တမန်များတို့ ဝမ်းသာစွာသီချင်းဆို

ထက်ကောင်းကင်သားများ၊ သီချင်းကျူးဧကြပါ

ထက်ကောင်းကင်ဘုရား ဘုန်းတော်ကြီးပါစေသား။

chorus

လာကြ၊ ကိုးကွယ်ကြကုန်အံ့

လာကြ၊ ကိုးကွယ်ကြကုန်အံ့

ခရစ်တော်ရှင်သခင်ကို

ကိုးကွယ်ကြကုန်အံ့။

Verse 3

ဝမ်းမြောက်ဖွယ်နံနက်မှာ မွေးဖွားခြင်းခံရှင်အား

ဘုန်းတော်မြတ်ချီးကျူးလျက် နာမတော်ကြွေးကြော်

လူ့ဇာတိခံသော ဘုရားနှုတ်ကပတ်တော်။

chorus

လာကြ၊ ကိုးကွယ်ကြကုန်အံ့

လာကြ၊ ကိုးကွယ်ကြကုန်အံ့

ခရစ်တော်ရှင်သခင်ကို

ကိုးကွယ်ကြကုန်အံ့။

Hymn details

စာသား: Translated by Frederick Oakeley

သံစဉ်: John Wade's Cantus Diversi

Meter: Peculiar Meter

Key: Ab Major

Time: 4/4

Audio