M699E1329KC699MT699

မင်္ဂလာပွဲ၊ လူ၏မွေ့လျော်ရာထွတ်ထိပ်

ဧဝံဂေလိတရား-အထွေထွေ

21

Verse 1

မင်္ဂလာပွဲ၊ လူ၏မွေ့လျော်ရာထွတ်ထိပ်

စပျစ်ရည်မကုန်မီ မွေ့လျော်ခြင်းပြည့်

လူသားသက်တာ စပျစ်ရည်ကဲ့သို့ ကုန်ခမ်း

ယေရှုကြွလာ၊ ဘုရားသက်ဖြင့် ဖြည့်ပေး။

chorus

ယေရှုကြွလာ၊ ရေမှ စပျစ်ရည်သစ်ရ

ယေရှုကြွလာ၊ မှောင်မိုက်သည် အလင်းဖြစ်

သေခြင်းကိုပင် အသက်သို့ အစဉ်ပြောင်းစေ

အားနည်း မျက်ကန်းတွက် ခွန်အားနှင့်အလင်း။

Verse 2

တစ်ညနေတွင် ဖြောင့်မတ်သောခေါင်းဆောင်တစ်ဦး

သွန်သင်ခြင်းများ ရရန် ယေရှုထံလာ

သွန်သင်ခြင်းသည် ဇာတိကို မပြောင်းလဲနိုင်

ယေရှုမိန့်မှာ ''အသစ်မွေးဖွားရမည်''။

chorus

ယေရှုကြွလာ၊ ရေမှ စပျစ်ရည်သစ်ရ

ယေရှုကြွလာ၊ မှောင်မိုက်သည် အလင်းဖြစ်

သေခြင်းကိုပင် အသက်သို့ အစဉ်ပြောင်းစေ

အားနည်း မျက်ကန်းတွက် ခွန်အားနှင့်အလင်း။

Verse 3

''ခင်ပွန်းမရှိ'' ဆာငတ် အပြစ်သားညည်းညူ

ခင်ပွန်းများစွာ သူမကို ခန်းခြောက်စေ

နေ့စဉ် ဆာငတ်မပြေ ရေကို ခပ်ရန်လာ

ယေရှုကြွလာ၊ ဆာငတ်ခြင်း ပြေစေရန်။

chorus

ယေရှုကြွလာ၊ ရေမှ စပျစ်ရည်သစ်ရ

ယေရှုကြွလာ၊ မှောင်မိုက်သည် အလင်းဖြစ်

သေခြင်းကိုပင် အသက်သို့ အစဉ်ပြောင်းစေ

အားနည်း မျက်ကန်းတွက် ခွန်အားနှင့်အလင်း။

Verse 4

လူများအလယ် ကူညီမဲ့သောသူတစ်ဦး

ရေပွက်ထချိန် စောင့်သော်လည်း အားနည်းနေ

ဘာသာတရားပညတ်သည် မကုသနိုင်

ယေရှုကြွလာ၊ သက်ရှင်နှုတ်တော်မြွက်ဆို။

chorus

ယေရှုကြွလာ၊ ရေမှ စပျစ်ရည်သစ်ရ

ယေရှုကြွလာ၊ မှောင်မိုက်သည် အလင်းဖြစ်

သေခြင်းကိုပင် အသက်သို့ အစဉ်ပြောင်းစေ

အားနည်း မျက်ကန်းတွက် ခွန်အားနှင့်အလင်း။

Verse 5

လေးရက်ပတ်လုံး နေ့နှင့်ည သင်္ချိုင်းတွင်း၌

သေခြင်းဆုပ်ကိုင်၊ ပတ်လည်နေသူ ငိုကြွေး

ဆိတ်ငြိမ်လဲလျောင်း၊ သင်္ချိုင်းအဝတ်ဖြင့် စည်းထား

ယေရှုကြွလာ၊ အိပ်ပျော်ရာမှ နိုးလာ။

chorus

ယေရှုကြွလာ၊ ရေမှ စပျစ်ရည်သစ်ရ

ယေရှုကြွလာ၊ မှောင်မိုက်သည် အလင်းဖြစ်

သေခြင်းကိုပင် အသက်သို့ အစဉ်ပြောင်းစေ

အားနည်း မျက်ကန်းတွက် ခွန်အားနှင့်အလင်း။

Verse 6

ယနေ့တိုင်အောင် ဤယေရှုသည် သက်ရှင်နေ

သေခြင်းမျိုးစုံထဲမှ ကယ်ရန် တတ်နိုင်

ယခု စိတ်နှလုံးဖွင့်၊ ကိုယ်တော်ကို ခေါ်ပါ

ကိုယ်တော်ကြွလာ၊ ဝိညာဉ်၌ သင်မွေးဖွား။

chorus

ယေရှုကြွလာ၊ ရေမှ စပျစ်ရည်သစ်ရ

ယေရှုကြွလာ၊ မှောင်မိုက်သည် အလင်းဖြစ်

သေခြင်းကိုပင် အသက်သို့ အစဉ်ပြောင်းစေ

အားနည်း မျက်ကန်းတွက် ခွန်အားနှင့်အလင်း။

Hymn details

Key: C Major

Audio