ကရုဏာဖြင့် စစ်မှန်သော ဘုရားတွေ့ပြီ
ဧဝံဂေလိတရားဟောပြောခြင်း-မိသားစုကယ်တင်ခြင်း
21
Verse 1
ကရုဏာဖြင့် စစ်မှန်သော ဘုရားတွေ့ပြီ
မှောင်မိုက်ထဲမှ အလင်းသို့ ကူးပြောင်းလာ
ကျေးဇူးတော်ဖြင့် အခမဲ့ ကယ်တင်ခံရ
ကျွန်ုပ်ခွန်အားဖြင့် အားထုတ်ဖို့ မလို။
Verse 2
ကျွန်ုပ် မိသားစုကို သတိရမူပါ
သူတို့အပြစ် ကိုယ်တော်ထမ်း၊ လမ်းရှင်းခဲ့
ကိုယ်တောပေးထား ကတိတော်ပြည့်စုံစေပါ
''ခရစ်ယုံကြည်၊ သင့်မိသားစု ကယ်တင်''။
Verse 3
မိသားစုဝင် အားလုံး ရယူပါ၊ ဆုတောင်း
သစ္စာကတိဖြင့် စိတ်နှလုံးတောက်လောင်
''ငါနှင့်ငါ့အိမ်ထောင်၊ သခင်ကို စဉ် စေခံ''
ဘုရား ကိုးကွယ်၊ ကိုယ်တော်သာ စစ်မှန်၏။
Hymn details
Key: G Major
Audio