ချစ်သခင်၏ အသံတော်
ဘုန်းမျှော်လင့်ခြင်း-အထွေထွေ
Verse 1
ချစ်သခင်၏ အသံတော်
ကြည့်ပါ၊ လျင်မြန်ကြွလာ
တောင်များပေါ် ခုန်ပေါက်နေကာ
တောင်ကုန်းများပေါ် ပြေးနေ
ပေါ်ထွန်းလာခြင်း လက္ခဏာ
သွင်ပြင်တိုင်း၌ မြင်ရ
သတို့သား ကြွတော့လာမည်
ချစ် သတို့သမီး ယူ။
Verse 2
အမှန်ပင် ကိုယ်တော်ကြွလာ
လျင်မြန်ကြွပါ၊ သခင်
ပေါ်ထွန်းလာခြင်းကို စောင့်မျှော်
ဖိုးထိုက်နှုတ်တော် အာမင်။
နှောင့်နှေးမရှိ ကြွမူပါ
မခြားမလပ် ဆုတောင်း
စိတ်အားထက်သန်လျက် စောင့်နေ
ရောက်လာမည့် လက်ထပ်ပွဲ။
Verse 3
ကျွန်ုပ်တို့အသံ ကြားလို
မျက်နှာ ကိုယ်တော်မြင်လို
ချိုမြိန်ခြင်းပြည့် အသံများ
ကျေးဇူးပြု မျက်နှာထား။
'ထလော့၊ လှပ ငါ့ချစ်သူ'
မိန့်မြွက်ခြင်းကို တောင့်တ
ချစ်သူ၏ အသံတော်သည်
''ထ၍၊ ထွက်လာခဲ့ပါ''။
Verse 4
ဆောင်းကာလ မိုးလည်း လွန်ပြီ
ပန်းများ မြေကြီးပေါ် ပွင့်
ယေရှု၏ တက်သောနေမင်း
စိတ်နှလုံးများ ဖြည့်ပေး။
သီချင်းဆိုရာ အချိန်ပင်
ချိုးငှက်တွန်သံ ကြားရ
ချစ်သူ၏ ကြွလာခြင်းကို
ချိုမြိန်သံစဉ်နှိုးဆော်။
Verse 5
မြေခွေးလေးများ ဖမ်းကြစို့
စပျစ် အပွင့်ဖျက်သူ။
စပျစ်နွယ်ပင် ပွင့်လန်းပြီ
အားလုံး ကိုယ်တော်အဖို့။
မိုးသောက်ချိန် လျင်မြန်ရောက်လာ
မှောင်ရိပ်များ ပြေးအဝေး
နံ့သာတောင်ပေါ်မှာ သခင်
ယနေ့ ကြွလာမူပါ။
Hymn details
Key: D Major
Audio