ဝိညာဉ်၌၊ သင်းတော်၌ မြင်ရ
ဘုန်းမျှော်လင့်ခြင်း-ဘုရားသခင့်သားများ ထင်ရှားပေါ်ထွန်းခြင်း
Verse 1
ဝိညာဉ်၌၊ သင်းတော်၌ မြင်ရ
ကျွနု်ပ်တို့တွက် မြင့်ဆုံးပန်းတိုင်
မြင့်မြတ်၊ ကျယ်ဝန်း၊ ပို၍နက်နဲ
ယခင် မမြင်ဖူးသောအရာ။
Verse 2
ဤအရာသြဝါဒမျှ မဟုတ်
ခရစ်တော်၏ ဖွင့်ပြခြင်းဖြစ်
ကိုယ်တော်သည် အံ့သြဖွယ် သာလွန်
ကျွနု်ပ်တို့ စဉ်းစားမမီနိုင်။
Verse 3
ကိုယ်တော်ကြွယ်ဝ ကန့်သတ်မဲ့စွာ
တိုင်းတာမရ အံ့သြဖွယ်ရာ
ကြီးမြတ်ဆုံး အံ့ဖွယ်ရာအရှင်
ကယ်တင်ခြင်း အမွေခံ လိုအပ်။
Verse 4
ရာခပ်သိမ်းလုပ်ဆောင်ပြီးမြောက်စေ
ကြံစည်၊ ဖန်ဆင်း၍ မွေးဖွားပေး
သားတော်သည် ယခု အမွေခံ
ဘုရား ဖိုးထိုက် စီမံသူဖြစ်။
Verse 5
သို့သော် ဘုရားစီမံကိန်း၌
တစ်ဦးမဟုတ်၊ များစွာ သားများ
ဘုရား၏သားဦးနှင့်အတူ
များစွာသော အသက်ရှင်သူများ။
Verse 6
ဘုရားအမွေ ခရစ်တော်ရ
ကျွနု်ပ်တို့လည်း အမွေခံများ
ရင့်ကျက်ရန် ယခု ကြီးထွားကြ
မကြာမီ အမွေခံစုံလင်။
Verse 7
သားဦးနှင့်အတူ အမွေခံ
စကြဝဠာကို အမွေခံ
ဤကြီးမား အစုဖွဲ့ထဲ၌
ခရစ်နှင့်သင်းတော် လုပ်ဆောင်ဖက်။
Verse 8
ဝိညာဉ်၌၊ သင်းတော်၌ မြင်ရ
ခေါ်တော်မူခြင်း အဖိုးထိုက်လှ
ကောင်းကင်ဘုံသို့ သွားရန်မဟုတ်
မြေကြီးပေါ် ဘုရင်များဖြစ်ရန်။
Verse 9
ဆင်းရဲသော်လည်း ဘုန်းကြီးဘုရင်
ကြီးမားနိုင်ငံတော် အမွေခံ
မြေကြီးနှင့် ဘုရားပလလင်တော်
ခမည်းတော်၌ ရှိသမျှ ရ။
Hymn details
Key: G Major
Audio