M68E84KC68MT68

နားထောင်ကောင်းကင်သားကြွေးကြော်

သခင်ဘုရားကို ချီးမွမ်းခြင်း - လူ့ဇာတိခံခြင်း

21

Verse 1

နားထောင်ကောင်းကင်သားကြွေးကြော်

ခုဖွားမြင် ဘုရင့်ဘုန်းတော်

ကမ္ဘာပေါ်တွင် ငြိမ်သက်စေ

ဘုရားနှင့်ပြစ်သား သင့်မြတ်

ဝမ်းမြောက်ကြ လူမျိုးအပေါင်း

ကောင်းကင်အောင်ပွဲ၌ ပါဝင်

ဗက်လင်မြို့တွင် ခရစ်တော်

ဖွားမြင်ခြင်းကို ကြွေးကြော်မည်။

Verse 2

ကောင်းကင်ဘုံသားတို့ဘုရင်

ထာဝရခရစ်တော်ရှင်

ချိန်တန်ကာလဆင်းသက်၍

ကညာဝမ်း၌ ကိန်းအောင်းလေ

သွေးသား၌ ဘုရားထင်ရှား

လူ့ဇာတိခံသော ဘုရား

ဧမာနွေလ ဆင်းသက်ပြီ

လူတို့တွင် တည်တော်မူမည်။

Verse 3

ကောင်းကင်ဖွား၊ ငြိမ်သက်အရှင်

ဖြောင့်မတ်ခြင်း၏နေမင်းဖြစ်

အလင်းနှင့်အသက်ကို ဆောင်လာ

အတောင်တော်ဖြင့် ရောဂါငြိမ်း

နူးညံ့သောဘုန်းတော် ချထား

လူသားများတွက်သေခံရန်

မြေကြီးသားများ ထမြောက်ရန်

သစ်မွေးဖွားရန် ဖွားမြင်ပြီ။

Verse 4

လူမျိုးပေါင်းတို့တောင့်တရာ

နှိမ့်ချခြင်းဖြင့်ကြွမူပြီ

မိန်းမ၏အောင်မြင်မျိုးစေ့

မြွေ၏ခေါင်းကို နင်းချေပြီ

အာဒံ၏သဏ္ဌာန်ပျောက်ကွယ်

ကိုယ်တော့်သဏ္ဌာန် အစားထိုး

ထက်ရပ်မှ နောက်ဆုံးအာဒံ

မေတ္တာ၌ ပြန်လည်ရယူ။

Hymn details

စာသား: Charles Wesley, Altered by George Whitefield

သံစဉ်: Felix Mendelssohn, Adapted by William H. Cummings

Meter: 7.7.7.7.D. with repeat.

Key: F Major

Time: 4/4

Audio